ရခိုင်အမျိုးသားပါတီ (ANP)

ရခိုင်အမျိုးသားပါတီကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ် အတွက် ၄၄ နေရာအနိုင်ရထားပါတယ်။ ပါတီနှစ်ခုပူးပေါင်းပြီး ခေါင်းဆောင်တွေကြား ကွဲပြားတဲ့ အယူအဆတွေကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည်ခွဲထွက်သွားပြီး သီးခြား ပါတီအဖြစ် ရပ်တည်နေပါတယ်။ ရခိုင်အမျိုးသားပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာဆက်ပြီး ယှဉ်ပြိုင် ဖို့ပြင်ဆင် နေပါတယ်။ လက်ရှိဥက္ကဌက ဦးသာထွန်းလှဖြစ်ပါတယ်။