NLD နဲ့ အစိုးရသစ်ရဲ့ ခြေလှမ်းများ

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က NLD ပါတီရဲ့ အာဇာနည်နေ့ လှုပ်ရှားမှုတွေအပေါ် အစိုးရက လျှော့ပေါ့ လိုက်လျောခဲ့တဲ့ကိစ္စနဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ဖိအားပေးမှုတွေ ဆက်လက်ထားရှိနေတဲ့ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်စဉ်။ AFP

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့မှာ ရှိနေတဲ့ Free Burma အဖွဲ့တာဝန်ခံ ဒေါက်တာသိန်းဝင်း၊ NLD-LA ဗြိတိန်ဌာနခွဲ တာဝန်ခံ ဒေါက်တာဝင်းနိုင်နဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Civil Society for Burma တာဝန်ခံ ဦးထွန်းအောင်ကျော်တို့ ဖြစ်ပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org