မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး သြစတြေးလျနိုင်ငံနှင့် EU ဆောင်ရွက်ချက်
အခုတစ်ပတ် အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ အများအပြားကို သြစတြေးလျနိုင်ငံက ပြန်ရုပ်လိုက်ပြီး
အီးယူ ခေါ် ဥရောပသမဂ္ဂ နိုင်ငံတွေကလည်း တနင်္လာနေ့မှာ တစ်နှစ် ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်တော့မယ်ဆိုတဲ့ သတင်းစကားတွေကို အခြေပြုပြီး ဆွေးနွေးတင်ပြ ထားပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့-အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက် Burma Today အင်တာနက် သတင်းစာ အယ်ဒီတာ ဦးမြင့်လှိုင်နဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် BDC ( Burma Democratic Concern) အဖွဲ့ ညွန်ကြားရေးမှူး ဦးမျိုးသိန်းတို့ ဖြစ်ကြပါတယ်။