လူငယ်နဲ့ နိုင်ငံရေး
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ… မြန်မာနိုင်ငံမှာ ဒီမိုကရေစီလူ့ဘောင် ဖော်ဆောင်လိုကြ တဲ့ လူငယ်ပိုင်းအနေနဲ့ နိုင်ငံရေးလောက ဝင်ရမှာကို မကြောက်ကြဘဲ တိုင်းကျိုးပြည်ကျိုး ဘယ်လိုဘယ်ပုံ ထမ်းဆောင်သွားသင့်တယ် ဆိုတာကို အခြေပြု ဆွေးနွေးထားကြပါတယ်။
-
2011-07-17 -
-
-
မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်တွင် ကျောင်းမနေနိုင်သော ကလေးသူငယ်များအတွက် လူငယ်ကွန်ရက် အဖွဲ့များ ပူးပေါင်း ချိတ်ဆက်ကာ မတ်လ ၁ ရက်နေ့က ဖွင့်လှစ်သော နွေရာသီ ပညာဒါန သင်တန်း မြင်ကွင်း ဖြစ်ပါသည်။ (Photo: RFA Listener)
Photo: RFA Listener
Your browser doesn’t support HTML5 audio
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေတက္ကသိုလ်က Ph.D. သင်တန်း တက်ရောက်နေတဲ့ ကိုမင်းဇင်၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် Burma Campaign UK အဖွဲ့က မဇိုယာဖန်း၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Burma Today အင်တာနက် သတင်းမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ကိုမြင့်လှိုင်နဲ့ မြန်မာနိုင်ငံ မွေးမြူရေးနဲ့ တိ-မွေး-ကု တက္ကသိုလ် နည်းပြဟောင်း ကိုမောင်မောင်လွင်တို့ ဖြစ်ပါတယ်။
တနင်္ဂနွေစကားဝိုင်း။ |
|
အသံဖိုင်ယူရန်။ |