စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်ရုတ်သိမ်းသင့်ပြီလား

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွက်လာနေပြီမို့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းသင့်ပြီ ဆိုတဲ့သတင်းတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague တို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ NLD

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ ဒေါက်တာသောင်းထွန်း၊ နော်ဝေးနိုင်ငံ အခြေစိုက် မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နဲ့ အမေရိကန် အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေ တက္ကသိုလ်က ဦးမင်းဇင်တို့ ဖြစ်ပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org