RFA TV ၂ဝ၁၇ စက်တင်ဘာ ၂၆ ရက်

■ RFA ရုပ်မြင်သံကြားအစီအစဉ် ■ (၂ဝ၁၇ စက်တင်ဘာ ၂၆) - မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီအရေးယူဖို့ HRW တောင်းဆို - လူမျိုးတုံးသတ်ဖြတ်မှုမရှိကြောင်း ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြောကြား - မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပမည် - နိုင်ငံတကာသိအောင် အစိုးရတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာလို့ ARSA ပြော - ရခိုင်မြောက်ပိုင်း အကြမ်းဖက်သမားမွေးဖွားရာဒေသ ဖြစ်လာနိုင်ကြောင်း BHRN အဖွဲ့ပြော - ဟိန္ဒူဘာသာဝင်တွေကို သတ်ဖြတ်မှု ၆ ဦးကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီးထား - ရခိုင်အရေး ပြည်ပစွက်ဖက်မှု ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ် - အနည်းဆုံးလုပ်ခ အဆိုပြုနှုန်းထား အောက်တိုဘာ ၂ ရက်နေ့ အပြီးသတ်တင်ပြမည် - တရားစွဲခံထားရတဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေအမှု ပ,လပ်ပေးဖို့ တင်ပြ - ဂေါပကအဖွဲ့တရားစွဲထားတဲ့ ကလေးသုံးယောက်အမှု ရုတ်သိမ်းပေးဖို့ ဆန္ဒပြ ... စတဲ့သတင်းတွေ၊ - ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေ- ဦးခင်မောင်မြင့် - မိဘမဲ့ဂေဟာနဲ့ သင်တန်းကျောင်း စံချိန်စံညွှန်းများ - ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ရေး ... စတဲ့အစီအစဉ်တွေကို ရှုစားရမှာပါ။