ရာဂီမုန်တိုင်း သင်ခန်းစာ

မြန်မာပြည်မှာ သဘာဝဘေးကြိုတင်သတိပေးကာကွယ်တာနဲ့ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုံလောက်ရဲ့လား၊ သဘာဝဘေး စီမံခန့်ခွဲမှု အလွဲအမှားတွေက ဘာတွေလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။

ရာဂီမုန်တိုင်းတိုက်ခတ်ခံရတဲ့ ဗီယက်နမ်နိုင်ငံနည်းတူ မြန်မာနိုင်ငံ ဒေသအတော်များများမှာ ရေကြီးနစ်မြုပ်တာ၊ မြေပြိုတာတွေကြောင့် လူပေါင်း ရာနဲ့ချီ အသက်ဆုံးရှုံးနေရပါတယ်။ မုန်တိုင်းအရှိန်ကြောင့် သဘာဝဘေးကြုံရတဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာတော့ မြန်မာပြည်က လူသေဆုံးမှု အများဆုံးဖြစ်နေပါတယ်။ စစ်မီးတောက်နေတဲ့ မြန်မာပြည်မှာ သဘာဝဘေးကြိုတင်သတိပေးကာကွယ်တာနဲ့ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုံလောက်ရဲ့လား၊ ရေဘေးဒဏ်ပါ ရင်ဆိုင်နေရတဲ့ နယ်မြေမတည်ငြိမ်တဲ့ ပဋိပက္ခဒေသတွေဆီ အကူအညီတွေ ရောက်ဖို့ ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ၊ သဘာဝဘေးစီမံခန့်ခွဲမှု အလွဲအမှားတွေက ဘာတွေလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လူကယ်ပြန်ဌာန ဒုတိယဌာနမှူး မမော်ရီးရီ၊ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအင်စတီကျု (ISP-Myanmar) က ဦးအောင်သူငြိမ်းနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး လှုပ်ရှားသူ ဦးဇုန်းတိန့်တို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org