စစ်ကောင်စီ အကျပ်အတည်းနဲ့ ဒီမိုကရေစီအင်အားစုတွေအတွက် စိန်ခေါ်မှုများ
အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလ ခြောက်လ သက်တမ်းထပ်တိုးပြီးနောက်ပိုင်း ကြားကာလမှာ စစ်ကောင်စီ အကျပ်အတည်းနဲ့ ဒီမိုကရေစီအင်အားစုတွေအတွက် စိန်ခေါ်မှုတွေ ဘယ်လိုရှိနေမလဲဆိုတာ ဆွေးနွေးထားပါတယ်။
- 2023-08-04
-
-
-
အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က အရေးပေါ်ကာလကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ခြောက်လ သက်တမ်းထပ်တိုးလိုက်ပါတယ်။ ဒီကြားကာလမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေနဲ့ နိုင်ငံတကာဖိအားတွေ လျော့ကျအောင် စစ်ကောင်စီ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းမလဲ။ တစ်ဖက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေမှာ ဘယ်လိုစိန်ခေါ်ချက်တွေ ရှိနေမလဲဆိုတာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေကတော့ ကရင်အမျိုးသမီးအစည်းအရုံး စည်းရုံးလှုံ့ဆော်ရေး ဒါရိုက်တာ နော်ဆဲဆဲ၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားနဲ့ မြန်မာပြည်ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးလေ့လာသူ ကိုအောင်ကိုကိုတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။