"မြန်မာ့အကျပ်အတည်းနဲ့ အာဆီယံရဲ့ ဆောင်ရွက်ချက်"
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လပိုင်းအတွင်းမှာ အာဆီယံခေါင်းဆောင်တွေ မြန်မာ့အရေးအတွက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြပြီး Five Point Consensus လို့ခေါ်တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။
- 2022-11-25
-
-
-
အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်နီးပါးရှိလာနေပါပြီ။ လက်ရှိ ကြုံနေရတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ အာဆီယံက အစောဆုံး တုန့်ပြန်ဆောင်ရွက်ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လပိုင်းအတွင်းမှာ အာဆီယံခေါင်းဆောင်တွေ မြန်မာ့အရေးအတွက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြပြီး Five Point Consensus လို့ခေါ်တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ရရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အခုတစ်ပတ် စကားဝိုင်းမှာ စင်္ကာပူနိုင်ငံ အိုက်ဆက် ယူစွတ် အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျုက သုတေသီနဲ့ မြန်မာ့အရေး လေ့လာရေးအစီအစဉ် စေ့စပ်ညှိနှိုင်းရေးမှူး ဒေါ်မိုးသူဇာနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာတင့်ဆွေတို့က ပါဝင်ဆွေးနွေးထားပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ဆက်ထားပါတယ်။