အာဏာသိမ်း သုံးနှစ်ပြည့်ချိန် ဘာများထူးခြားလာပါသလဲ
အာဏာသိမ်း သုံးနှစ်ပြည့်ချိန်မှာ စစ်ကောင်စီဟာ အတော်လေးချိနဲ့နေတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ ဒီအခြေအနေမှာ မြန်မာပြည်သူတွေကရော ဘာတွေပြင်ဆင်ထားသင့်ပါလဲ အခုတစ်ပတ်စကား၀ိုင်းမှာ ဒီအကြောင်းတွေကို ဆွေးနွေးတင်ပြမှာပါ။
- 2024-01-26
-
-
-
၂၀၂၄ ဖေဖော်၀ါရီလ ၁ ရက်နေ့ဟာ စစ်ကောင်စီအာဏာသိမ်းတာ သုံးနှစ်တင်းတင်းပြည့်မြောက်ပါပြီ။ အဲဒီသုံးနှစ်ပြည့်ပြီးတဲ့နောက် ဒီနေ့ဒီအချိန်မှာ ဘာတွေထူးခြားလာနေပါသလဲ။ ပြည်သူတွေကတော့ စစ်ကောင်စီကို ဆက်လက်ဆန့်ကျင်နေသလို၊ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုနဲ့ ထိုးစစ်တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူက ၂ သန်း ၆ သိန်းကျော် ရှိနေပါတယ်။တစ်ချိန်တည်းမှာပဲ စစ်ကောင်စီဘက်က အကျအဆုံးတွေများလာသလို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်တဲ့ မြို့ပေါင်း ၃၀ ကျော်၊ ရာနဲ့ချီတဲ့ စစ်စခန်းတွေနဲ့ လက်နက်တွေ တောင်ပုံရာပုံလည်း တော်လှန်ရေးအဖွဲ့တွေက ရရှိလိုက်ပါတယ်။ ဒါကြောင့် အာဏာသိမ်း သုံးနှစ်ပြည့်ချိန်မှာ စစ်ကောင်စီဟာ အတော်လေးချိနဲ့နေတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ ဒီအခြေအနေမှာ မြန်မာပြည်သူတွေကရော ဘာတွေပြင်ဆင်ထားသင့်ပါလဲ အခုတစ်ပတ်စကား၀ိုင်းမှာ ဒီအကြောင်းတွေကို ဆွေးနွေးတင်ပြမှာပါ။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ အမျိုးသမီးမဟာမိတ်များ အင်အားစုက မအေးမြင့်အောင်အောင်နဲ့ လွတ်မြောက်နယ်မြေရောက် သတင်းသမားဟောင်း ဦးအောင်သူရတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဥ်တင်ဆက် ထားပါတယ်။