ပိတ်ဆို့အရေးယူမှုတွေ ထိရောက်ရဲ့လား

အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုဟာ ဘယ်လောက် အလုပ်ဖြစ်သလဲဆိုတာ ဒီအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေဟာ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်မလုပ်နိုင်အောင် တားဆီးဖို့ ရည်ရွယ်ချက်နဲ့ ပိတ်ဆို့အရေးယူမှု အမျိုးမျိုးကို ချမှတ်ခဲ့ပါတယ်။ ဒီပိတ်ဆို့အရေးယူမှုတွေ ဘယ်လောက် အလုပ်ဖြစ်သလဲ။ ပြည်သူတွေကို ထိခိုက်မှုအနည်းဆုံးဖြစ်မဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်ပြီး ချမှတ်ဖို့ ဖြစ်နိုင်မလားဆိုတာ ဒီအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်၊ Women Advocacy Coalition Myanmar ရဲ့ စေ့စပ်ညှိနှိုင်းရေးမှူး ဒေါ်ခင်လေးနဲ့ ဝါရှင်တန်ဒီစီ ဂျော့ဝါရှင်တန်တက္ကသိုလ်က ဧည့်ပညာရှင် ဦးဝင်းမျိုးသူတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် စီစဉ်တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org