“စစ်ခေါင်းဆောင်ရုရှားခရီးအပေါ် ပြည်သူ့အမြင်”
ပြည်သူထဲက ပြည်သူတွေ စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်အပေါ် ဘယ်လိုမြင်ကြသလဲဆိုတာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
-
RFA Burmese
2025-03-14 -
-
-
မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံခရီးစဉ်မှာ ဗျာဒိတ်တော်လာ မဟာမိတ်တွေအဖြစ် ဖော်ပြထားတဲ့ ရှေးဟောင်းစာအုပ်ကြီးကို ဗမာလိုဖတ်ပြပြီး လက်ဆောင်ပေးခဲ့တာတွေ၊ ဆင်ခြောက်ကောင်လက်ဆောင်ပေးခဲ့တာတွေကြောင့် ဝေဖန်သုံးသပ်မှုတွေနဲ့ ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ စည်ကားခဲ့ပါတယ်။ ဒီခရီးစဉ်အပေါ် နိုင်ငံတကာအကဲဖြတ်တွေ၊ နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို ပြည်တွင်းပြည်ပ သတင်းစာမျက်နှာတွေကတစ်ဆင့် အတော်စုံစုံလင်လင် ဖတ်ရ၊ ကြားရပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေကရော ဘယ်လိုမြင်ကြပါသလဲ။
ဒီတစ်ပတ် RFA စကားဝိုင်းမှာ ပြည်သူထဲက ပြည်သူတွေ စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်အပေါ် ဘယ်လိုမြင်ကြသလဲဆိုတာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မိကောက်၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) စစ်တပ်အရာရှိ Rev Park နဲ့ စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူ မနေခြည်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဉ်တင်ဆက်ထားပါတယ်။