“စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းက အကြမ်းဖက်မှုများ”
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အခုတစ်ပတ် RFA စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။ ပါဝင်ဆွေးနွေးသူတွေကတော့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာတင့်ဆွေ နဲ့ လက်ရှိစစ်ကိုင်းတိုင်း 96 Soldiers PDF အညာဒေသတပ်ခွဲ ကိုဇေယျာလွင်တို့ဖြစ်ပြီး RFA အဖွဲ့သား ဦးတင်အောင်ခိုင် စီစဉ်တင်ဆက်ထားပါတယ်။
- 2022-09-09
-
-
-
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်းပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်မှုတွေကို စစ်ကောင်စီက နှိမ်နင်းချိန်မှာ မြို့ရွာတွေ မီးရှို့ခံရမှုတွေ ကျေးရွာတွေမှာ သတ်ဖြတ်ခံရတာတွေလည်း နေစဉ်လို ဖြစ်ခဲ့ပါတယ်။
အဲ့ဒီမီးရှို့မှုတွေ သတ်ဖြတ်မှုတွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာ အများဆုံးဖြစ်တယ်လို့ သုတေသနပြုလုပ်နေတဲ့ အဖွဲ့တွေရဲ့ တွေ့ရှိချက်တွေအရ သိရပါတယ်။
ဒါပေမဲ့ အဲ့ဒီဒေသတွေမှာ နေထိုင်သူတွေရဲ့အဆိုအရ လက်တွေ့အခြေအနေဟာ သုတေသီအဖွဲ့တွေရဲ့ ပြောဆိုချက်ထက် ပိုနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အခုတစ်ပတ် RFA စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးသူတွေကတော့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာတင့်ဆွေ နဲ့ လက်ရှိစစ်ကိုင်းတိုင်း 96 Soldiers PDF အညာဒေသတပ်ခွဲ ကိုဇေယျာလွင်တို့ဖြစ်ပြီး RFA အဖွဲ့သား ဦးတင်အောင်ခိုင် စီစဉ်တင်ဆက်ထားပါတယ်။