“အနုပညာရှင်တွေ ပြည်ပကိုထွက်ခွာရတာ နိုင်ငံအတွက်ဘယ်လို နစ်နာစေသလဲ”
ခေတ်အဆက်ဆက်မှာ မြန်မာနိုင်ငံတွင်းက စာပေနဲ့ အနုပညာရှင် တွေဟာ အာဏာရှင်တွေကြောင့် နိုင်ငံကို စွန့်ခွာခဲ့ရတဲ့ အဖြစ်အပျက်တွေရှိခဲ့ပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက် နိုင်ငံကိုစွန့်ခွာခဲ့ရတဲ့ အနုပညာရှင်အရည်အတွက်ကတော့ အများဆုံးဖြစ်ပါတယ်။
- 2023-04-21
-
-
-
ပုံစံမျိုးစုံနဲ့ရွေ့လျားလာတဲ့ မြန်မာစာပေ အနုပညာလောကဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ အကြီးအကျယ် ပြောင်းလဲသွားရပြန်ပါတယ်။ ခေတ်အဆက်ဆက်မှာ မြန်မာနိုင်ငံတွင်းက စာပေနဲ့ အနုပညာရှင် တွေဟာ အာဏာရှင်တွေကြောင့် နိုင်ငံကို စွန့်ခွာခဲ့ရတဲ့ အဖြစ်အပျက်တွေရှိခဲ့ပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက် နိုင်ငံကိုစွန့်ခွာခဲ့ရတဲ့ အနုပညာရှင်အရည်အတွက်ကတော့ အများဆုံးဖြစ်ပါတယ်။ ဒီလို အနုပညာရှင်တွေကို ဆုံးရှုံးရတာ နိုင်ငံအတွက် ဘယ်လို ထိခိုက်နစ်နာမှုတွေရှိနေသလဲ၊ ဒီလိုနစ်နာမှုပမာဏ မကြီးမားရလေအောင် စာပေသမားတွေ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာတွေကို ဒီတစ်ပတ်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ စာရေးဆရာလည်းဖြစ် ‘ရန်ကုန်လမ်းမများ’ စာအုပ်တိုက်ပိုင်ရှင်လည်းဖြစ်တဲ့ ဆရာဝေမှူးသွင်နဲ့ လူငယ်စာရေးဆရာ ခက်ဇော် တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံပြင်ပကို ထွက်ခွာလာရသူတွေ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဥ်တင်ဆက်ထားပါတယ်။