“စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ပေါင်းစု ဖွဲ့နိုင်ပြီလား”
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အင်အားတွေ ပေါင်းစည်းဖို့ မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းတာတွေ ပိုများလာပါတယ်။ တပ်ပေါင်းစုဖွဲ့စည်းကြတဲ့အတွက် အခက်အခဲတွေ အားနည်းချက် အားသာချက်တွေ ရှိလာပါတယ်။
- 2023-04-07
-
-
-
စစ်အာဏာသိမ်းလိုက်တာ ၂ နှစ်ကျော်ကာလကို ရောက်ရှိလာတဲ့အချိန်မှာတော့ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အင်အားတွေ ပေါင်းစည်းဖို့ မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းတာတွေ ပိုများလာပါတယ်။ တပ်ပေါင်းစုဖွဲ့စည်းကြတဲ့အတွက် အခက်အခဲတွေ အားနည်းချက် အားသာချက်တွေ ရှိလာပါတယ်။ ဒီတစ်ပတ်စကားဝိုင်းမှာတော့ “စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ပေါင်းစု ဖွဲ့နိုင်ပြီလား” ခေါင်းစဉ်နဲ့ ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေက မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါး၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)ရဲ့ စစ်ဦးစီးချုပ် ကိုကျော်ကိုရှိန်းနဲ့ CDM ဗိုလ်ကြီး နတ်သားတို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုအောင်သိင်္ခ စီစဉ်တင်ဆက်ထားပါတယ်။