မြန်မာပြည်သူ ၅ဝ% အစားဝအောင် မစားရတဲ့ အခြေအနေကို ရောက်ရှိနိုင်ဟု ပညာရှင်တွေပြောကြား

မကွေးတိုင်း ဆော-ကျောက်ထု လမ်းပိုင်းမှာ အောက်တိုဘာ ၁ ရက် မနေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောင်းကို YDF အထူးပြောက်ကျားတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်မှူး ဘုန်းမြင့်ကျော် အပါအဝင် လေးယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ Yaw Defence Force (Saw & Kyaukhtu) အဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာပြည်သူ ၅ဝ% အစားဝအောင် မစားရတဲ့ အခြေအနေကို ရောက်ရှိနိုင်ဟု ပညာရှင်တွေပြောကြား Photo: CJ

ဒီအပတ် RFA စကားဝိုင်းမှာ လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေဆိုးဝါးမှုနဲ့ နောက်ဆက်တွဲ ပေါ်ပေါက် လာနိုင်တဲ့ အခြေအနေတွေကို တင်ပြဆွေးနွေးထားပါတယ်။ မြန်မာပြည်မှာ လယ်သမားတွေ စပါးမစိုက်နိုင်တဲ့ အဖြစ်နဲ့ ကြုံနေရပြီဖြစ်ပြီး လက်ရှိစီးပွားရေး ကပ်ဆိုက်မှုကို မထိန်းသိမ်းနိုင်ဘူးဆိုရင် မြန်မာပြည်သူလူထု ၅ဝ% ခန့်ဟာ မကြာခင်ကာလအတွင်း အစားအစာ လုံလောက်အောင် မစားနိုင်တော့တဲ့ ဘဝကို ရောက်ရှိ သွားနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဒီအပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသန်းစိုး (ဘောဂဗေဒ)၊ စိမ်းလန်းအမိမြေအဖွဲ့က ဦးဝင်းမျိုးသူ နဲ့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်က ဦးဇော်ရန်းတို့ ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org