စစ်အာဏာသိမ်း နှစ်ပတ်လည် ဆွေးနွေးခန်း
ဒီတစ်ပတ်မှာတော့ စစ်အာဏာသိမ်းထားတာ တစ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ သုံးသပ်ဆွေးနွေးမှာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးလို့ နိုင်ငံရဲ့အခြေအနေကို ထိန်းသိမ်းဖို့အတွက် လုပ်ခဲ့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။ အဲဒီတော့ သူတို့ ပြောခဲ့သလိုတိုင်းပြည် တည်ငြိမ်အောင် တကယ်ထိန်းသိမ်းနိုင်ခဲ့သလား၊ နိုင်ငံရဲ့ အခြေအနေ တိုးတက်ခဲ့ပါသလား၊ ပြည်သူတွေ လိုချင်နေတဲ့ စစ်အာဏာရှင်ပြုတ်ကျရေး မြန်မြန်ဆန်ဆန် ဖြစ်နိုင်မလားဆိုတာတွေ ဆွေးနွေးမှာပါ။
- 2022-01-31
-
-
-
RFA စကားဝိုင်း ၂၀၂၂ ဇန်နဝါရီ ၂၉ ရက်နေ့ အစီအစဉ်
.
ဒီတစ်ပတ်မှာတော့ စစ်အာဏာသိမ်းထားတာ တစ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ သုံးသပ်ဆွေးနွေးမှာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးလို့ နိုင်ငံရဲ့ အခြေအနေကို ထိန်းသိမ်းဖို့အတွက် လုပ်ခဲ့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။ အဲဒီတော့ သူတို့ ပြောခဲ့သလိုတိုင်းပြည် တည်ငြိမ်အောင် တကယ်ထိန်းသိမ်းနိုင်ခဲ့သလား၊ နိုင်ငံရဲ့ အခြေအနေ တိုးတက်ခဲ့ပါသလား၊ ပြည်သူတွေ လိုချင်နေတဲ့ စစ်အာဏာရှင်ပြုတ် ကျရေး မြန်မြန်ဆန်ဆန် ဖြစ်နိုင်မလားဆိုတာတွေ ဆွေးနွေးမှာပါ။
ပါဝင်ဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေကတော့ (၁) ဦးဘိုလှတင့်- အာဆီယံဆိုင်ရာ သံအမတ်ကြီး (NUG)(၂) ဦးအောင်မိုးဇော် - ဥက္ကဋ္ဌ (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) တို့ဖြစ်ပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တာဝန်ယူထုတ်လုပ်ထားပါတယ်။