“ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြို့ပြနေပြည်သူများ”

စစ်အာဏာသိမ်းပြီးနောက်မှာ ချင်း၊ ကချင်၊ ကရင်၊ ကယားစတဲ့ တိုင်းရင်းသားနယ်မြေတချို့နဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ ပြည်တွင်းစစ်ကြောင့် ပြည်သူတွေအသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေချိန်မှာ၊ ရန်ကုန် မန္တလေးလို့ အဓိကမြို့ကြီးတွေမှာလဲ ခိုးဆိုးလုယက်မှုတွေ အသက်အန္တရာယ် ပြုခံရတာတွေကြုံနေရတယ်လို့ ပြည်သူတွေပြောကြပါတယ်။

ဒီအပတ်စကားဝိုင်းမှာ စစ်အာဏာသိမ်းပြီးနောက်မှာ ချင်း၊ ကချင်၊ ကရင်၊ ကယားစတဲ့ တိုင်းရင်းသားနယ်မြေတချို့နဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ ပြည်တွင်းစစ်ကြောင့် ပြည်သူတွေအသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေချိန်မှာ၊ ရန်ကုန် မန္တလေးလို့ အဓိကမြို့ကြီးတွေမှာလဲ ခိုးဆိုးလုယက်မှုတွေ အသက်အန္တရာယ် ပြုခံရတာတွေကြုံနေရတယ်လို့ ပြည်သူတွေပြောကြပါတယ်။


ဒီလိုရာဇဝတ်မှုတွေကို နှိမ်နင်းအရေးယူ မယ့် ပြည်ထဲရေးဌာနကလဲ နိုင်ငံရေးအရဆန့်ကျင်သူတွေကိုပဲအဓိကထားနှိမ်နင်းနေပြီး ရာဇဝတ်မှုတွေ ကို လျစ်လျူရှုထားတယ်လို့ပြောကြပါတယ်။ ဒီအကြောင်းတွေကို ဒီတပတ် RFA စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။


ပါဝင်ဆွေးနွေးကြတဲ့ပုဂ္ဂိုလ်တွေကတော့ ကိုထွန်းထွန်းနိုင် (အလုပ်သမားရေးဆောင်ရွက်သူ)၊ မဇင်မာ (ကျောင်းဆရာမ)၊ မသီရိ (ပုဂ္ဂလိကပြင်ပဆရာမ) တို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်စီစဉ်ထုတ်လုပ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org