CRPH တိကျတဲ့ဦးဆောင်မှု အမြန်ဆုံးပေးဖို့လိုအပ်

ပြီးခဲ့တဲ့မတ်လ ၃ ရက်နေ့က ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဆန္ဒပြရင်း အဖမ်းခံလိုက်ရပြီး အင်းစိန်ထောင်မှာ ၂၁ ရက် နေခဲ့ရတဲ့ ကျောင်းသားလူငယ် သုံးယောက်ရဲ့အတွေ့အကြုံနဲ့ သူတို့ရဲ့ အယူအဆတွေ၊ နိုင်ငံကို ဖြစ်စေချင်တဲ့ အမြင်တွေကို ဆွေးနွေးထားပါတယ်။

CRPH ထောက်ခံကြောင်း ၂၀၂၁ မတ် ၇ ရက်နေ့က ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြစဉ်

အပတ်စဉ် စနေနေ့တိုင်းထုတ်လွှင့်နေတဲ့ RFA စကားဝိုင်းအစီအစဉ်မှာ ပြီးခဲ့တဲ့မတ်လ ၃ ရက်နေ့က ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဆန္ဒပြရင်း အဖမ်းခံလိုက်ရပြီး အင်းစိန်ထောင်မှာ ၂၁ ရက် နေခဲ့ရတဲ့ ကျောင်းသားလူငယ် သုံးယောက်ရဲ့အတွေ့အကြုံနဲ့ သူတို့ရဲ့အယူအဆတွေ၊ နိုင်ငံကို ဖြစ်စေချင်တဲ့ အမြင်တွေကို ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးထားသူတွေကတော့ ဘွဲ့ရလူငယ်တစ်ယောက်ဖြစ်တဲ့ မစု၊ ကျောင်းသူတစ်ဦးဖြစ်တဲ့ မအိနဲ့ ဘွဲ့ရလူငယ်တစ်ယောက်ဖြစ်တဲ့ ကိုမင်း တို့ဖြစ်ပါတယ်။

စစ်အာဏာရှင်အောက်မှာ ဘယ်လိုမှ ဆက်ပြီးမနေနိုင်သလို၊ ဖယ်ဒရယ် ဒီမိုကရေစီစနစ်နဲ့ လွတ်လပ်တဲ့ ဘဝတွေမှာပဲ နေချင်လို့ အခုလို တောင်းဆို တိုက်ပွဲဝင်နေတဲ့အကြောင်းနဲ့၊ နေ့တိုင်း လူငယ်တွေ အသက်ပေးနေရတဲ့အတွက် CRPH အနေနဲ့ တိကျတဲ့ဦးဆောင်မှု အမြန်ဆုံးပေးဖို့ လိုအပ်နေပြီလို့ ဒီလူငယ်တွေက ထောက်ပြကြပါတယ်။

RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ် တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org