“မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်လာတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းများ”

ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေနဲ့ ဒီဒုစရိုက်လုပ်ငန်းတွေရဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေတွေအပေါ် သက်ရောက်မှုအကြောင်း ဆွေးနွေးထားပါတယ်။

မကြာခင်က တရုတ်နိုင်ငံက သရုပ်ဆောင်တစ်ဦး ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရအပြီး မြန်မာနိုင်ငံရဲ့ ထိုင်းနဲ့ တရုတ်နယ်စပ်တွေမှာ အခြေစိုက်လည်ပတ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေအကြောင်း နိုင်ငံတကာက ပိုအာရုံစိုက်လာကြပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံနဲ့ မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံပါဝင်တဲ့ “ဇင်ယော်”လို့ အမည်ပေးထားတဲ့ ကျားဖြန့်နှိမ်နင်းရေးစစ်ဆင်ရေးကို လုပ်မယ်လို့ တရုတ်က ကြေညာပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ပေါ်ပေါက်လာတဲ့ ဒီငွေလိမ်လုပ်ငန်းတွေနဲ့ ဒီဒုစရိုက်လုပ်ငန်းတွေရဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေတွေအပေါ် သက်ရောက်မှုအကြောင်း ခုတစ်ပတ် RFA စကားဝိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်ငြိမ်းချမ်းရေးသိပ္ပံအဖွဲ့ (USIP) က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါ၊ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇော၊ အမေရိကန်နိုင်ငံရောက် မြန်မာ့အရေးဆောင်ရွက်သူ ကိုစတီဗင် စန်းယုတို့ ပါဝင်ဆွေးနွေးထားပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က စီစဉ်တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org