"ပြည်ပထွက်အလုပ်လုပ်ကြရတဲ့လူငယ်တွေအရေးကိစ္စ"
ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်ရှားပြီး ဆင်းရဲ မွဲတေမှုဆီ ဦးတည်နေတဲ့အတွက် လူငယ်တွေ ပြည်ပထွက်အလုပ်လုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
- 2022-06-03
-
-
-
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့်ရော၊ စစ်အာဏာသိမ်းမှုကြောင့်ပါ အလုပ်အကိုင်ရှားပြီး ဆင်းရဲ မွဲတေမှုဆီဦးတည်နေတဲ့အတွက် လူငယ်တွေဟာ ပြည်ပထွက်အလုပ်လုပ်ဖို့ နည်းမျိုးစုံကြိုးစား နေကြ ပါတယ်။
ဒီကြားထဲမှာပဲ ပြည်ပမှာအလုပ်လုပ်နေကြတဲ့သူတွေ စာရင်းသွင်းဖို့ Overseas Employment Registration Card – OERC ဆိုတာကို NUG အလုပ်သမားဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့က ကြေညာထားပါတယ်။
ပြည်ပထွက်အလုပ်လုပ်ကြရတဲ့လူငယ်တွေအရေးကိစ္စကို ဒီတပတ် RFA စကားဝိုင်းမှာ NUG အစိုးရ အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီ၊ ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတည်ထောင်သူ ဦးထူးချစ်တို့ ဆွေးနွေးထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်စီစဉ်ထုတ်လုပ်ထားပါတယ်။