အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအန္တရာယ် ဘယ်လောက်ကြီးမားနေလဲ

မြန်မာနယ်စပ်မြို့တွေမှာ ကျယ်ပြန့်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ရန်ကုန်မြို့လယ်အထိ အခြေချလုပ်ကိုင်နေကြသလို လူငယ်တွေကို ပစ်မှတ်ထား စုဆောင်းနေပြီး ဥရောပနဲ့ အရှေ့တောင်အာရှနိုင်ငံသားတွေကို အွန်လိုင်းကနေ ငွေကြေးလိမ်လည်ဖို့ ဖိအားပေး ခိုင်းစေနေတဲ့အကြောင်းတွေ ဆွေးနွေးထားပါတယ်။

မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာတဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်ရတဲ့ လုပ်ငန်းတွေမှာ လူပေါင်း သိန်းနဲ့ချီ အဓမ္မ အလုပ်ခိုင်းစေခံနေရပါတယ်။

တရုတ်-မြန်မာနယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ်မြို့တွေမှာ ကျယ်ပြန့်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ရန်ကုန်မြို့လယ်အထိ အခြေချလုပ်ကိုင်နေကြပါတယ်။ ဒီလုပ်ငန်းတွေအတွက် လူငယ်တွေကို ပစ်မှတ်ထား စုဆောင်းနေပြီး ဥရောပနဲ့ အရှေ့တောင်အာရှနိုင်ငံသားတွေကို အွန်လိုင်းကနေ ငွေကြေးလိမ်လည်ဖို့ ဖိအားပေး ခိုင်းစေနေတဲ့အကြောင်းတွေ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် ဝန်ထမ်းရှာဖွေပေးခဲ့ရသူ ကိုဟန်ဇော်ထက်၊ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org