“မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဘယ်သူဖြေရှင်းမလဲ”
ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံတွေက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ ဒီမြန်မာနိုင်ငံသားတွေအရေးကို ဖြေရှင်းဖို့ ဘယ်သူတွေမှာ တာဝန်ရှိလဲ။
-
RFA Burmese
2025-02-28 -
-
-
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမတည်ငြိမ်မှုတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသား သန်းနဲ့ချီပြီး ပြည်ပနိုင်ငံတွေကို ပြောင်းရွှေ့နေကြပါတယ်။ အဲဒီထဲမှာ တရုတ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို တရားဝင်ရော တရားမဝင်လမ်းကြောင်းတွေနဲ့ပါ ရွှေ့ပြောင်းနေထိုင်ကြသူတွေပါဝင်ပြီး သူတို့အားလုံး အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာတာ၊ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် အထောက်အထားမပြည့်စုံတာ စတဲ့ အခက်အခဲတွေကြောင့် သက်ဆိုင်ရာနိုင်ငံအာဏာပိုင်တွေရဲ့ အဖမ်းအဆီးခံရပြီး မြန်မာပြည် ပြန်ပို့ခံနေရသူတွေလည်း များလာပါတယ်။
ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ ဒီမြန်မာနိုင်ငံသားတွေအရေးကို ဖြေရှင်းဖို့ ဘယ်သူတွေမှာ တာဝန်ရှိလဲ။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်၊ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က အလုပ်သမားအရေးကူညီသူ မခင်ဖုန်း၊ မလေးရှားရောက် မြန်မာနိုင်ငံသားတွေအရေးကူညီနေတဲ့ ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဂျိမ်းဘွေထန်ဘိခ်နဲ့ တရုတ်ပြည်ကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ စောင့်ဆိုင်းနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီနေတဲ့ ဦးစိန်လှအောင်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။