မြန်မာပြည်သူတွေရဲ့ လူမှုဘဝတွေ ဘယ်လောက်ထိဆိုးရွားနေလဲ
မြန်မာနိုင်ငံမှာ လူ ၁၅ သန်းလောက် အစားအစာမလုံလောက်တဲ့ဘေး ရင်ဆိုင်နေရပြီး၊ ကျန်းမာရေး ပညာရေးတွေလည်း ဆိုးဆိုးဝါးဝါးထိခိုက်နေရတယ်လို့ ကုလကလည်း ထုတ်ပြန်ထားပါတယ်။
-
RFA Burmese
2024-12-13 -
-
-
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြောင့် စီးပွားရေး ကျဆင်းလာတာနဲ့အတူ ကုန်စျေးနှုန်းကြီးမြင့်တာ၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံနေရသလို၊ ခိုးဆိုးလုယက်မှုတွေနဲ့ ရာဇဝတ်မှုတွေကြောင့်လည်း ပြည်သူတွေ လုံခြုံရေးကင်းမဲ့တာတွေ ခံစားနေကြရပါတယ်။
မြန်မာနိုင်ငံမှာ အထွေထွေအကျပ်အတည်းတွေကြောင့် လူ ၁၅ သန်းလောက် အစားအစာမလုံလောက်တဲ့ဘေးနဲ့ ရင်ဆိုင်နေရပြီး ကျန်းမာရေး ပညာရေးတွေလည်း ဆိုးဆိုးဝါးဝါးထိခိုက်နေရတယ်လို့ ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။ လာမယ့်နှစ်မှာ မြန်မာနိုင်ငံက လူဦးရေ သန်း ၂၀ လောက် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လိမ့်မယ်လို့လည်း ဆိုပါတယ်။ မြန်မာပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေအကြောင်း ဒီတစ်ပတ်ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးတဲ့သူတွေကတော့ မန္တလေးမြို့က အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ဒေါ်အေးအေး၊ ရန်ကုန်မြို့က ဒေါ်ထိပ်ထားနဲ့ အညာဒေသက သပိတ်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မချောစုဟန်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။