“စစ်ခေါင်းဆောင် ရှေ့ဆက် ဘယ်ခြေလှမ်း လှမ်းမလဲ"
ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ မြန်မာစစ်တပ် ဘယ်လိုကွာသလဲ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရှေ့ဆက် မြန်မာ့နိုင်ငံရေး ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။
-
သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024-08-09 -
-
-
သြဂုတ်လ ၃ ရက်နေ့မှာ စစ်ကောင်စီရဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို MNDAA နဲ့မဟာမိတ်အဖွဲ့တွေ သိမ်းပိုက်လိုက်နိုင်ပါတယ်။ ဒါဟာ သမိုင်းမှာ မကြုံစဖူး တတိယအကြီးဆုံး စစ်တိုင်းတစ်ခုကို သိမ်းပိုက်လိုက်နိုင်တာဖြစ်ပြီး တိုက်ခိုက်ချိန်ကလည်း တစ်လပဲကြာခဲ့တာပါ။ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လားရှိုး (ရမခ) ကျပြီးပြီးချင်း ရုတ်တရက်ဆိုသလို မိန့်ခွန်းထွက်ပြောခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီကလည်း စစ်ကောင်စီဘက်က ကူတိုက်ပေးဖို့ ရုရှားကို တောင်းဆိုလိုက်ကြောင်း သြဂုတ်လ ၄ ရက်နေ့ထုတ် ရှရှားအစိုးရ သတင်းဌာန SPUTNIK သတင်းမှာ ဖော်ပြခဲ့ပါတယ်။ တစ်ဖက်မှာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်သူတွေ အနိုင်ရ လိုက်တဲ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ မြန်မာစစ်တပ် ဘယ်လိုကွာသလဲ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရှေ့ဆက် မြန်မာ့နိုင်ငံရေး ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီးဇင်ယော် တို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မသီရိမင်းဇင် စီစဉ်တင်ဆက်ထားပါတယ်။