စစ်ကောင်စီ ကျူးလွန်တဲ့ မုန်တိုင်ပင်ရွာ လူအစုအပြုံလိုက်သတ်ဖြတ်မှု

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးလုပ်နေတဲ့ ကာလအတွင်း တပ်သားတွေ သူတို့ လူတွေကို ဘယ်လိုသတ်ခဲ့တယ် ဘယ်နှစ်ယောက် သတ်ခဲ့တယ်ဆိုပြီး အချင်းချင်း ပြောနေတဲ့ ဗီဒီယို ရုပ်သံနဲ့ သူတို့ လူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ သက်သေခံ ဓာတ်ပုံတွေအကြောင်းကို RFA က ထုတ်လွှင့်ခဲ့ပါတယ်။

RFA စကားဝိုင်း ၂၀၂၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ အစီအစဉ် .

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးလုပ် နေတဲ့ ကာလအတွင်း တပ်သားတွေ သူတို့ လူတွေကို ဘယ်လိုသတ်ခဲ့တယ် ဘယ်နှယောက်သတ်ခဲ့တယ်ဆိုပြီး အချင်းချင်း ပြောနေတဲ့ ဗီဒီယိုရုပ်သံနဲ့ သူတို့ လူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ သက်သေခံ ဓာတ်ပုံတွေအကြောင်း ကို RFA က ထုတ်လွှင့်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ဒီဗီဒီယိုပါ သတ်ဖြတ်မှုတွေအပေါ် ဝေဖန်သုံးသပ်ချက်နဲ့ ရရှိထားတဲ့ သက်သေအထောက်အထားတွေကို ဆက်လက်အရေးယူရေးကို ဒီတစ်ပတ် RFA စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးတဲ့သူတွေကတော့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ပြောခွင့်ရသူ ဖဒိုစောတောနီး၊ CDM ဗိုလ်ကြီး ညီသုတ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တရားရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး စောဘဦးလေး တို့ ဖြစ်ပါတယ်။

RFA ဝိုင်းတော်သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org