ICC ဖမ်းဝရမ်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ

ICC ဖမ်းဝရမ်းနဲ့ နောက်ဆက်တွဲကိစ္စတွေက မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေအပေါ် သက်ရောက်မှုရှိနိုင်ပါသလား။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က နယ်မြေရှင်းလင်းပြီး ဘင်္ဂလားဒေ့ရှ်ကို မောင်းထုတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က ငါးနှစ်ကြာ စုံစမ်းစစ်ဆေးပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလိုဆုံးဖြတ်အပြီး ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ်က တရားရုံးကို လျှောက်ထားလိုက်တာပါ။ ICC တရားသူကြီးတွေက ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်လိုက်ရင် ICC စာချုပ်ဝင် ၁၂၄ နိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဆီးပေးဖို့ တာဝန်ရှိမှာဖြစ်သလို ICC အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကလည်း ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ ICC ဖမ်းဝရမ်းနဲ့ နောက်ဆက်တွဲကိစ္စတွေက မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအပေါ် သက်ရောက်မှုရှိနိုင်ပါသလား။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် (ICJ) က ဥပဒေရေးရာသုတေသီ ဆိုင်း၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဝေဝေနုနဲ့ Fortify Rights အဖွဲ့က လူ့အခွင့်အရေးစုံစမ်းစစ်ဆေးမှု အထူးတာဝန်ခံ ဦးဇော်ဝင်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org