“မြို့ပြမှာ ပိုများလာတဲ့ ရာဇဝတ်မှုနဲ့ မလုံခြုံမှုများ”

မြို့ပြနေပြည်သူတွေရဲ့ မလုံခြုံမှု ဘယ်လောက်ဆိုးဝါးလာသလဲ၊ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်နေထိုင်ရသလဲဆိုတာတွေကို ဒီတစ်ပတ်မှာ ဆွေးနွေးထားပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ မြန်မာနိုင်ငံရဲ့ ဒေသအတော်များများမှာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် မိသားစုဝင်ဆုံးရှုံးသူ၊ အိုးအိမ်ဆုံးရှုံးသူတွေအများအပြားရှိသလို စစ်ဘေးရှောင်ရသူတွေ သန်းနဲ့ချီရှိလာပါတယ်။ မြို့ကြီးတွေမှာတော့တိုက်ပွဲဖြစ်တာ များများစားစားမရှိသေးပေမဲ့ မြို့နေပြည်သူတွေကတော့ အသက်အန္တရာယ် အပါအဝင် ပိုင်ဆိုင်မှုတွေကို ထိပါးခံရမယ့် မလုံခြုံမှုတွေ တစ်နေ့တခြားများလာပါတယ်။

မြို့ပြနေပြည်သူတွေရဲ့ မလုံခြုံမှု ဘယ်လောက်ဆိုးဝါးလာသလဲ။ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်နေထိုင်ရသလဲ။ လက်ရှိအနေအထားကနေ လွတ်မြောက်နိုင်ဖို့ ဘယ်လို မျှော်လင့်ချက်ထားကြ သလဲဆိုတာတွေကို ဒီတစ်ပတ် စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးကြတဲ့သူတွေကတော့ ရန်ကုန်မြို့က ဒေါ်မြမြနိုင်၊ မန္တလေးမြို့က ဒေါ်ချစ်ချစ်နဲ့ ဓနုဖြူမြို့က ဒေါ်ယုမိစံတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဥ်တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org