စစ်မှုထမ်းဥပဒေကြောင့် ဆုံးရှုံးသွားရတဲ့ နိုင်ငံ့လုပ်အားထု

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းက လူငယ်တွေ ပြည်ပထွက် တိမ်းရှောင်ကြတာများလာပြီး နိုင်ငံ့အတွက် အလုပ်လုပ်နိုင်ဆုံး လူငယ်တွေအရွယ်တွေ ဆုံးရှုံးသွားရတာကြောင့် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ဆွေးနွေးထားပါတယ်။

စစ်ကောင်စီဟာ ပြည်ပနိုင်ငံတစ်ခုခုနဲ့ စစ်ဖြစ်ပွားနေချိန်မဟုတ်ဘဲ ၂၀၂၄ ခုနှစ် ဖေဖော်ရီလ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေကြောင့် မြန်မာနိုင်ငံက ၁၃ သန်းကျော်ရှိတဲ့ လူငယ်တွေနဲ့ ဆက်စပ်သမျှ မိဘဆွေမျိုးတွေအကြား စိုးရိမ်ပူပန်မှု မြင့်တက်စေခဲ့ပါတယ်။

လက်ရှိ ရန်ကုန်အပါအ၀င် မြို့တိုင်းလိုလိုမှာ စာရင်းကောက်တဲ့ လုပ်ငန်းတွေကို စတင်လာပြီး တချို့ဒေသတွေမှာ မဲနှိုက်ပြီး လူရွေးတာတွေ လုပ်နေပါတယ်။ အစီအစဥ်အရ စစ်မှုထမ်းဖို့ အပတ်စဥ်တစ်ခုမှာ လူငါးထောင်နှုန်း စစ်သင်တန်းတက်စေမှာဖြစ်ပြီး တစ်နှစ်ကို လူခြောက်သောင်းလောက် လျာထားတယ်လို့ စစ်ကောင်စီက ကြေညာခဲ့တာကြောင့် ကြိုတိမ်းရှောင်တာတွေ လုပ်လာကြပါတယ်။ တကယ်တော့ ဒီလူငယ်ထုဟာ တိုင်းပြည်မှာ အလုပ်လုပ်နိုင်ဆုံးအရွယ်တွေ ဆုံးရှုံးသွားရတာပါ။ ဒီလူငယ်တွေဆုံးရှုံးတာကြောင့် ဘာဖြစ်လာနိုင်လဲဆိုတာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေး၊ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးအောင်စောဦးနဲ့ CDM ဗိုလ်ကြီး ထက်မြက်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဥ်တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org