"စစ်အုပ်ချုပ်ရေးဒေသတွေ စစ်ရေးအရှိန်မြင့်လာနိုင်လား"

စစ်ကောင်စီက မြို့နယ် ၃၇ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာလိုက်တဲ့အတွက် အဲဒီဒေသတွေက ပြည်သူတွေအနေနဲ့ စစ်ရေးအရှိန်မြင့်လာနိုင်မယ့် အခြေအနေတွေ ကြုံလာရနိင်သလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာလည်း ပိုကြုံတွေ့လာနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တာ ၂ နှစ်ကျော် အချိန်မှာတော့ စစ်ကောင်စီဥက္ကဋ္ဌဟာ ပုံမှန်အခြေအနေ မဟုတ်ဘူးဆိုပြီးတော့ နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲကတော့ စစ်အုပ်ချုပ်ရေးဒေသတွေကို ကြေညာလိုက်တာပါ။

စစ်ကောင်စီက လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ချင်းနဲ့ ကယားပြည်နယ်တွေက မြို့နယ် ၃၇ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာလိုက်တဲ့အတွက် အဲဒီဒေသတွေက ပြည်သူတွေအနေနဲ့ စစ်ရေးအရှိန်မြင့်လာနိုင်မယ့် အခြေအနေတွေ ကြုံလာရနိင်သလို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာလည်း ပိုကြုံတွေ့လာနိုင်ပါတယ်။

ဒီတစ်ပတ် RFA စကားဝိုင်းမှာတော့ စစ်အုပ်ချုပ်ရေးဒေသတွေ စစ်ရေးအရှိန်မြင့်လာနိုင်လားဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးကြမယ့် သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး၊ ခြင်္သေ့ မဟာဗျူဟာစစ်ကြောင်းက တောင်ပိုင်းနဂါးလို့ခေါ်တဲ့ ကိုထက်နေဝင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ CDM ဗိုလ်ကြီးညီသုတနဲ့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လင်္ကျာတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုအောင်သိင်္ခ စီစဉ်တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org