သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-16
ပြည်ထောင်စုလွတ်တော်မှာ စစ်တပ်နဲ့ စီးပွားရေး လုပ်ငန်းတွေ ဆက်စပ်နေတာနဲ့ ပတ်သက်ပြီး NLD ပါတီလွှတ်တော် ကိုယ်စားလှယ်က ဆွေးနွေးခဲ့တဲ့ အပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူုရ ဦးရွှေမန်းက သတိပေးတားမြစ်ခဲ့တာနဲ့ ပတ်သက်လို့ RFA မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-01-16
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော် မြန်မာကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီနေ့ စတုတ္ထမြောက်နေ့အဖြစ် ဆက်လက်ကျင်းပခဲ့ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ နိုင်ငံတော် လုံခြုံရေးနဲ့ နိုင်ငံရေးဆိုပြီး ခေါင်းစဉ် ၂ မျိုးအောက်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2016-01-16
လာမယ့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့က အကောင်အထည်ဖော်မယ့် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ကိုယ်စားလှယ် ၂၃ ဦးက ဆွေးနွေးခဲ့ကြပါတယ်။
2016-01-16
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-01-16
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်း သုံးခုမှာ ခိုလှုံနေတဲ့ ကျောင်းသူကျောင်းသားလေးတွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ သူတို့ရဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို ပြောပြတဲ့ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန် ကျောက်တံတားမြို့နယ်က ပန်းဆိုးတန်း အနုပညာခန်းမမှာ ကျင်းပခဲ့ပါတယ်။
2016-01-16
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ကျူးကျော်နေထိုင်တဲ့ တဲအိမ်အလုံးတထောင်ကျော်ကို သုံးရက်အတွင်း ဖယ်ရှားပေးဖို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-01-16
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့မှာ ဒီကနေ့ကျင်းပတဲ့ စာပေဟောပြောပွဲမှာ စာရေးဆရာ ချစ်ဦးညိုနဲ့ စာရေးဆရာမ သန်းမြင့်အောင်တို့ ဟောပြောခဲ့ကြပါတယ်။
2016-01-16
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော် မြန်မာ ကွန်ဗန်းရှင်းစင်တာ-၂ မှာ ဒီနေ့ စတုတ္ထမြောက်နေ့အဖြစ် ဆက်လက် ကျင်းပခဲ့ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ "နိုင်ငံတော်လုံခြုံရေး" နဲ့ "နိုင်ငံရေး" ဆိုပြီး ခေါင်းစဉ် ၂ မျိုးအောက်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2016-01-16
၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရအဖွဲ့က အကောင်အထည်ဖော် မယ့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ကိုယ်စားလှယ် ၂၃ ဦးက ဆွေးနွေးခဲ့ကြပါတယ်။
2016-01-16
၆၄ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2016-01-15
မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေကို အိန္ဒိယကတဆင့် အနောက်အာရှတိုက်ပို့ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် လူမှောင်ခိုဂိုဏ်းတစ်ခုကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒီကနေ့ထုတ်တဲ့ The Times of India သတင်းစာက ဖေါ်ပြလိုက်ပါတယ်။
2016-01-15
ဆွစ်ဇာလန်နိုင်ငံက ဖက်ဒရယ်စနစ် ကျင့်သုံးပုံတွေ၊ အုပ်ချုပ်ရေးနည်းစနစ်တွေ၊ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးစနစ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာဆွေးနွေးဖို့အတွက် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကတဆင့် ဆွစ်ဇာလန်နိုင်ငံကို မနေ့က ထွက်ခွာသွား ပါတယ်။
2016-01-15
မန္တလေးတိုင်း မလှိုင်မြို့နယ်မှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့အတွက် ကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပုံကို မကျေနပ်တဲ့ ဒေသခံတွေက မလှိုင်မြို့ပေါ်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-01-15
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်မှာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းရာမှာ ဥပဒေနဲ့မညီလို့ ဆိုပြီး ကျေးရွာ ၁၅ ရွာက ရွာခံ ၃၀၀ လောက် စုပေါင်းပြီး ဒီကနေ့ မလှိုင်မြို့မှာ ဆန္ဒပြကန့်ကွက်ကြပါတယ်။
2016-01-15
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ လည်ပတ်အသုံးပြုနေတဲ့ စက်ယန္တရားတွေကို စစ်ဆေးမှတ်ပုံတင်ဖို့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က စေလွှတ်တဲ့ အထူး ကွင်းဆင်းစုံစမ်းရေးအဖွဲ့ဟာ ဖားကန့်မြို့ကို ဒီကနေ့ ရောက် ရှိနေပါတယ်။