သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-08
နမ့်ခမ်းမှာ ဒီဇင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ငါးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားငါးဦး သေဆုံးခဲ့ပါတယ်။
2023-12-08
ပုသိမ်ထောင်မှာ စစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ အကျဉ်းကျနေသူ ၁၀၃ ဦးကို ဒီဇင်ဘာ ၇ ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ခေါ်သွားတယ်လို့ ဒီဖြစ်စဉ်ကိုသိရှိတဲ့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။
2023-12-08
တပ်တွင်းစည်းလုံးရေး ပြိုကွဲစေဖို့ သွေးထိုးလှုံ့ဆော်မှုနဲ့ သတင်းတု၊ သတင်းမှား ထုတ်လွှင့်မှုတွေ လုပ်လာတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။
2023-12-08
မန္တလေးနဲ့ မိုင် ၂၀ ဝန်းကျင်သာ ဝေးကွာတဲ့ မတ္တရာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေဟာ နိုဝင်ဘာအတွင်းမှာ ပိုပြီး ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-07
လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ဖို့ လူထုအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီထုတ်ပြန်ချက်မှာ ပြောပါတယ်။
2023-12-07
ရှမ်းပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင်တိုက်ပွဲတွေကြား ပိတ်မိနေခဲ့တဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လေကြောင်းကနေ နောက်ထပ် ခြောက်ကြိမ်ကယ်ထုတ်ခဲ့တယ်လို့ ဗီယက်နမ် အစိုးရက ကြေညာပါတယ်။
2023-12-07
ပန်းချီဆရာတွေဖြစ်ကြတဲ့ တာမလာ၊ ပန်းတနော်၊ ဂျွန်ခိုင်နဲ့ ဒါဝိ တို့အပြင် အမည်မဖော်လိုတဲ့ ပန်းချီဆရာတွေ ပန်းချီကားတွေကို ပြသထားပါတယ်။
2023-12-07
ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ စကခ (၁၂)မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်း သေဆုံးခဲ့တယ်လို့ MNDAA က ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2023-12-07
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ မပါဝင်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် တာဝန်ရှိသူငါးဦးကို ငွေဒဏ် ကျပ်ဆယ်သိန်းစီ ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ပြီး ပြန်လွှတ်ဖို့ ဟိုယာမြို့နယ်တရားရုံးက ဒီဇင်ဘာလ ၅ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။
2023-12-07
ဒရုန်းနဲ့ တိုက်ခိုက်ခံရချိန်မှာ ပြန်လည်ပစ်ခတ်သံတွေ ကြားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
2023-12-07
ချင်းပြည်ကောင်စီ ညီလာခံကို CNF ဌာနချုပ်ရှိရာ ဗစ်တိုရီးယားမှာ ကျင်းပခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပါတယ်။
2023-12-07
တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး ထိုးစစ်ဆင်လာတာကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးနေရတယ်လို့ ခါမ်းပါတ်မြို့ခံတွေက ပြောပါတယ်။
2023-12-07
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ရှေ့ဆက်ပြီး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အမြန်ဆုံး ဖြစ်ပေါ်လာဖို့ တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ထုတ်ပြန်ပါတယ်။
2023-12-07
ဧရာဝတီတိုင်းမှာ NLD အစိုးရလက်ထက်က ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်တွေကို စစ်ကောင်စီရဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နို့တစ်စာပို့ပြီး ဖိအားပေး တောင်းယူနေတယ်လို့ ပြောပါတယ်။
2023-12-07
စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာစျေးကို ဈေးကွက်ပေါက်စျေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်ကြောင်း ထုတ်ပြန်ပါတယ်။