သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-06
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် က မြန်မာ့ဂုဏ်ရောင်အိမ်ရာရှေ့ မှာ မြေလျော်ကြေးရရှိဖို့ သပိတ်စခန်း ဖွင့် တောင်းဆိုနေကြသူတွေဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့မှာ ဒီနေ့ဆန္ဒပြဖို့ ခွင့်တောင်းထားတာ ပယ်ချခံရတယ်လို့ သိရပါတယ်။
2014-03-06
၁၉၆၂ ခုနှစ်ကစပြီး လက်ရှိအချိန် ထိ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီး မှာ အကျဉ်းကျခံခဲ့ရသူတွေရဲ့ အမည်စာရင်းကောက်ယူဖို့ အတွက် ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရုံးမှာ နိုင်ငံရေးအကျဉ်းသားတွေ အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2014-03-06
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေး အတူပူးပေါင်းကြိုးပမ်းဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့ဝင်တွေ ဒီကနေ့ သဘောတူညီလိုက်ကြပါတယ်။
2014-03-06
နိုင်ငံရေးပါတီ အချင်းချင်း ရန်ဖြစ်မနေကြဘဲ သင့်မြတ်ကြဖို့ လိုအပ်တယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2014-03-06
ပုဒ်မ ၁၈ လို့ လူသိများတဲ့ "ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ"ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်က ဆွေးနွေးပြီး အတည်ပြုလိုက်ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-03-06
အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ မတ်လ ၃ ရက်ကနေ ၄ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-03-06
တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးတဲ့ လယ်ယာမြေဥပဒေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ လယ်သမားတွေရဲ့ နှစ်ရက်ကြာဆွေးနွေးပွဲကို မန္တလေးမြို့မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-03-06
၁၁ ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-03-05
မြန်မာ့တပ်မတော်အနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်မှာပါဝင်ဖို့ အဆင်သင့်မဖြစ်သေးကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2014-03-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီမှာ သူကလွဲပြီး ကျန်တဲ့သူတွေ အရည်အချင်း မရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့တာဟာ မပြောအပ်တဲ့စကားဖြစ်ပြီး ပါတီတစ်ခုနဲ့တစ်ခု အခုလိုတိုက်ခိုက်ဖို့ မသင့်ပါဘူးလို့ မနေ့က ဝေဖန်လိုက်ပါတယ်။
2014-03-05
မြန်မာအစိုးရဟာ မြောက်ကိုရီးယား နိုင်ငံကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေဆဲဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက မနေ့က ပြောလိုက်ပါတယ်။
2014-03-05
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနဲ့ သတင်းမီဒီယာ ဥပဒေကြမ်း ၂ ခုကို မနေ့ကကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
2014-03-05
လက်ရှိပြဌာန်းထားတဲ့ မြေယာဥပဒေ ရဲ့အားနည်းချက်တွေကို ထောက်ပြဆွေးနွေးကြပြီး တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေး တဲ့ ဥပဒေဖြစ်လာဖို့ ရည်ရွယ်ချက်နဲ့ မန္တလေးတိုင်းဒေသကြီး က Hotel Mandalay မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ နဲ့ တောင်သူလယ်သမားတွေ ဒီနေ့ စတင်ဆွေးနွေးနေကြ ပါတယ်။
2014-03-05
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက် ယူရာမှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေနဲ့ ပတ်သက်ပြီး လူမျိုးအမည်ရေးသွင်းရာမှာ ဘင်္ဂါလီလူမျိုးလို့ ထည့်သွင်းစေချင်ကြောင်း၊ သို့မဟုတ် ကုဒ်နံပါတ်တစ်ခုခု တိတိကျကျသတ်မှတ်ပေးဖို့နဲ့ ရိုဟင်ဂျာလို့ ဖြည့်သွင်းတာကို လုံးဝ လက်ခံခြင်းမပြုဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က မနေ့ကရက်စွဲနဲ့ သဘော ထားကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2014-03-05
နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေ မှာ ပြည်သူလူထုရဲ့ ပါဝင်ဆောင်ရွက်မှုကလည်း အရေးကြီးတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။