သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-12
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ တတိယအကြိမ်မြောက်အဖြစ် ခရီးစဉ်အဖြစ် အောက်တိုဘာလ ၁ဝ ရက်နေ့ကစပြီး မြန်မာနိုင်ငံကို တစ်ပတ်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။
2018-10-12
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Eleven Media က သတင်းသမားသုံးဦးကို သတင်းမီဒီယာကောင်စီနဲ့ မညှိနှိုင်းဘဲ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်လိုက်တာဟာ အနှစ် ၂ဝ ကျော်ကြာ တည်ဆောက်ခဲ့တဲ့ NLD ပါတီရဲ့ ဒီမိုကရေစီဖော်ဆောင်မှု ပုံရိပ်ကိုကျဆင်းစေတယ်လို့ ဝေဖန်မှုတွေ ရှိလာပါတယ်။
2018-10-12
နမ္မတူမြစ်လို့ခေါ်တဲ့ မြစ်ငယ်မြစ်ပေါ်မှာ အစိုးရကတည်ဆောက်နေတဲ့ အထက်ရဲရွာ ရေကာတာစီမံကိန်း အပါအဝင် ရေကာတာစီမံကိန်းတွေ ဆက်လက် အကောင်အထည်ဖော်မယ့်အပေါ် ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှမ်းပြည်နယ် သီပေါမြို့မှာ ဒီကနေ့ တွေ့ဆုံပွဲပြုလုပ်ပြီး ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-10-12
တရားလွှတ်တော် ရှေ့နေ ဦးကိုနီအမှုကို ဒီနေ့ ရုံးထုတ်စစ်ဆးရာမှာ တရားလိုပြသက်သေ အင်းစိန်အောင်စိုးဟာ ယုံကြည်ထိုက်သူ မဟုတ်ကြောင်း တရားခံဘက်က သက်သေဖြစ်တဲ့ လှိုင်ဝေထွန်း ခေါ် အငယ်လေးက သက်သေထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
2018-10-12
မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေက နိုင်ငံတကာဈေးကွက်ကိုပိုပြီးထိုးဖောက်ဖြန့်ဖြူးရောင်းချဖို့ ဆန္ဒရှိနေကြတယ်လို့သိရပါတယ်။ မြန်မာအစိုးရကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
2018-10-12
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုမှာ အဂတိလိုက်စားမှုနဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် တရားရေးဝန်ထမ်း ၅ ဦးနဲ့ ရဲအရာရှိတစ်ဦး လွတ်မြောက်ဖို့ မျှော်လင့်ထားကြောင်း ရှေ့နေတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2018-10-12
မောင်တောမြို့နယ် တောင်ပြိုလက်ဝဲအနီးက မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်မျဉ်းအနီးမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေကို မြန်မာနိုင်ငံဘက်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က အကူအညီပေးဖို့ သဘောတူထားတယ်လို့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောလိုက်ပါတယ်။
2018-10-12
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က ပဲခူးတိုင်း မင်းလှမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၆ လဆီချလိုက်တဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အမှုဆောင်ဟောင်း ကိုသန်းထိုက်တို့ကို ချွင်းချက်မရှိ၊ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့က မြန်မာအစိုးရကို ဒီနေ့ တောင်းဆိုလိုက် ပါတယ်။
2018-10-12
Eleven Media က အယ်ဒီတာတွေနဲ့ သတင်းထောက်ချုပ်ကို ရန်ကုန်တိုင်းအစိုးရက ၅ဝ၅ (ခ) နဲ့အမှုဖွင့် အရေးယူခဲ့တာဟာ လက်ရှိအစိုးရအတွက်သာမက နိုင်ငံအတွက်ပါ အများကြီး ထိခိုက်နစ်နာမှုဖြစ်စေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားလိုက်ပါတယ်။
2018-10-12
Eleven သတင်းဌာနက သတင်းသမား ၃ ဦးကို သတင်းမီဒီယာဥပဒေတွေနဲ့ မဟုတ်ဘဲ အခြားဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုနေတာကို ပြင်းထန်စွာရှုတ်ချကန့်ကွက်ပါကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြေညာချက်ထုတ်လိုက်ပါတယ်။
2018-10-12
တရားလွှတ်တော် ရှေ့နေ ဦးကိုနီအမှုကို ဒီနေ့ ရုံးထုတ်စစ်ဆးရာမှာ တရားလိုပြသက်သေ အင်းစိန်အောင်စိုးဟာ ယုံကြည်ထိုက်သူ မဟုတ်ကြောင်း တရားခံဘက်က သက်သေဖြစ်တဲ့ လှိုင်ဝေထွန်း ခေါ် အငယ်လေးက သက်သေထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
2018-10-12
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-10-12
နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတဲ့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဦးဆောင်ကြိုးပမ်းနေတဲ့ "ရခိုင့်ဦးဆောင်ပါတီ" တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
2018-10-11
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် က ရခိုင်ပြည်နယ် မှာ ဖြစ်ပွားခဲ့တဲ့ လ့ူအခွင့်အရေး ပဋိပက္ခနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ကူညီဖြေရှင်းပေးခဲ့ကြတဲ့အတွက် ASEAN အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ဝင်နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2018-10-11
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေထဲက လူငါးဦးပါဝင်တဲ့ မိသားစုတခု မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ပြန်ရောက်လာကြောင်း ဗုဒ္ဓဟူးနေ့ထုတ် အစိုးရပိုင် Global New Light of Myanmar သတင်းစာမှာ ဖေါ်ပြထားပါတယ်။