သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-09
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ CDM အာဏာ ဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အစိုးရ ဝန်ထမ်းတွေအနက် တချို့က အလုပ်ခွင်ပြန်ဝင်သွားကြပေမယ့် အများစုကတော့ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေကြပါတယ်။
2021-08-09
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းရေး သက်သက်သာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ မသက်ဆိုင်ဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်
2021-08-09
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ပင်စိမ်းကင်းရွာကို စစ်သားနဲ့ ရဲတွေက ဒီနေ့ ဩဂုတ်လ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်မှာ ရွာထဲကို ခြိမ်းခြောက်ဝင်ရောက်ပြီး လူမရှိတဲ့ အိမ်တွေကနေ ငွေသား ဆယ့်ငါးသိန်းနဲ့ တခြားပစ္စည်းတွေကို ယူသွားကြတယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။
2021-08-09
ထိုင်းနိုင်ငံအတွင်း ကိုဗစ် တတိယလှိုင်းမှာ ကူးစက်မှုတွေ မြင့်မားလာတာကြောင့် ကန့်သတ်မှုတွေ လုပ်ထားတဲ့ ခရိုင်ကနေ ဖြတ်ကျော်ပြီး နယ်စပ်ကို ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၂ ဦးဟာ တရားဝင် နေထိုင်လုပ်ကိုင်ခွင့် လက်မှတ် ရှိပေမယ့် ကိုဗစ်ဥပဒေဖောက်ဖျက်လို့ အရေးယူခံရမယ်လို့ ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
2021-08-09
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၃ နှစ်ပြည့်တဲ့ သြဂုတ် ၈ ရက် မနေ့ညပိုင်းက မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဦးဆောင်တဲ့ ထောင်တွင်းဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားအချို့ ရိုက်နှက်တိုက်ပိတ်ခံရတယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြောပါတယ်။
2021-08-09
မကွေးတိုင်း မြိုင်မြို့နယ်ရဲ့ အရှေ့ဘက် ၉ မိုင်ခန့်ဝေးတဲ့ ပိုက်သင်ကျေးရွာ ကိုဗစ်စစ်ဆေးရေးဂိတ်မှာ အရပ်ဝတ်တွေနဲ့လူတစ်စုက သေနတ်တွေနဲ့ ပစ်ခတ်သွားတဲ့အတွက် ဒေသခံရွာသား တစ်ဦး သေဆုံးသွားပါတယ်။
2021-08-09
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ ဧည့်စာရင်းတိုင်ကြားဖို့ကို ဒီနေ့ နေ့လယ်မှာလည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အသံချဲ့စက်နဲ့ လိုက်လံကြေညာနေ ပါတယ်။
2021-08-09
ပဲခူးတိုင်း ပြည်မြို့မှာ ဇီးကုန်းမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူးနဲ့ သူငယ်ချင်းဖြစ်သူတို့ကို စစ်ကောင်စီက ဩဂုတ်လ ၈ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူက RFA ကို ပြောပါတယ်။
2021-08-09
သြဂုတ် ၈ ရက် မနေ့ညပိုင်းက မန္တလေး အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဦးဆောင်တဲ့ ထောင် တွင်း ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အကျဥ်းသားအချို့ ရိုက်နှက်တိုက်ပိတ်ခံရတယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ပြောပါတယ်။ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကတော့ ရိုက်နှက်၊ တိုက်ပိတ်တယ်ဆိုတာ မမှန်ဘူးလို့ ငြင်းပါတယ်။ ဒါပေမဲ့ ဆန္ဒပြမှုမှာ ခေါင်းဆောင် ဘယ်သူလဲဆိုတာကို ရှာဖွေဖော်ထုတ် နေတယ်လို့ RFA ကို ပြောပါတယ်။
2021-08-09
သြဂုတ်လ ၇ ရက် ည ၈ နာရီလောက်က ဒီပဲယင်းမြို့ကိုလာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က စိုင်ပြင်နဲ့ကြည်ရွာ အကြားမှာ မိုင်းခွဲတိုက်ခိုက်လိုက်လို့ စစ်ကား နှစ်စီး မိုင်းထိသွားပြီး နောက်နေ့တွေကစပြီး စစ်ကောင်စီတပ်တွေက နားကရွာတွေဆီ ပစ်ခတ်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
2021-08-09
Covid 19 ရောဂါခံစားနေရတဲ့လူနာတွေကို ကုသရာမှာအသုံးပြုတဲ့ ထိုးဆေးတွထဲက တော်စလီဇူးမက် (Tocilizumab) လို့ခေါ်တဲ့ဆေးဟာ ပြီးခဲ့လကုန်ပိုင်းအတွင်း ကျပ် သိန်းရာချီအထိ ဈေးတက်ခဲ့သလို ရမ်ဒက်ဆဗီယာ (Remdesivir) လို့ခေါ်တဲ့ဆေး ဟာလည်း ကျပ်သိန်းသုံးလေးဆယ်အထိဖြစ်ခဲ့ပါတယ်။
2021-08-09
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၉ ရက်နေ့ ဒီနေ့ ရုံးချိန်းမှာ စစ်ဆေးရမှာဖြစ်ပေမယ့် အမှုတွေကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းတွေကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က RFA ကိုပြောပါတယ်။
2021-08-09
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် ဘုန်းကြီးကျောင်းကွေ့နဲ့ ၅၄ မှတ်တိုင်ကြားမှာ ဩဂုတ်လ ၈ ရက် မနေ့က ဆိုင်ကယ်တစ်စီးကနေ ပေါက်ကွဲမှုဖြစ်ခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင် တစ်ယောက်သေပြီး နောက်တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ဒဂုံမြို့နယ် ဒေသခံက RFA ကို ပြောပါတယ်။
2021-08-09
မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ စစ်ကောင်စီကနေ ဖမ်းဆီးခံခဲ့ရတဲ့ ဦးမောင်ဌေးဟာ ဒီနေ့ ဩဂုတ်လ ၉ ရက် ဒီမနက်မှာ မြင်းခြံထောင်ထဲ သေဆုံးသွားတယ်လို့ အကျဉ်း ဦးစီးဌာနက အကြောင်းကြားလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ယောက်က RFA ကို ပြောပါတယ်။
2021-08-08
ပြင်းထန်တဲ့ဗီဇမျိုးပြောင်း ဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံက လူရှစ်သောင်းကို သေဆုံး စေနိင်ပြီး ဒေသတွင်းမှာ ကူးစက်ပျံ့နှံ့နိုင်ဖွယ်ရှိတယ်လို့ ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် နီကေးအေးရှားသတင်းက မနေ့က ဖော်ပြလိုက်ပါတယ်။