သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-07
မတ်လ ၄ ရက်နေ့က ရွှေမြင်တင် ဘုရားစောင်းတန်းကနေ အဖမ်းခံလိုက်ရတဲ့ ရမည်းသင်းခရိုင် မိုးထိမိုးမိရွှေလုပ်သား နဲ့မိသားစုဝင်အယောက် ၄၀ ကျော်မှာ ၁၆ ယောက်က ရမည်းသင်းထောင်မှာ ကျန်ရှိနေသေးပြီး၊ ကျန်တဲ့ သူတွေကိုတော့ လူကြီးတစ်ယောက် ၅ သိန်း၊ ကလေး တစ်ယောက် ၅ သောင်းနှုန်း ကုမ္ပဏီကပေးပြီး သူတို့ ဇာတိဒေသတွေဆီ အာဏာပိုင်တွေက ပြန်ပို့လိုက်တယ် လို့သိရပါတယ်။
2014-03-07
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေး ဆိုင်ရာ ဥပဒေ ၂ ရပ် ပြဋ္ဌာန်းရေးအတွက် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို သမ္မတ ဦးသိန်းစိန်က မနေ့က မတ်လ ၇ ရက်နေ့စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2014-03-07
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အုံတုံပင်ရွာမှာ ရဲတပ်ရင်းဆောက် ဖို့ ကျေးရွာသားတွေထံက မြေဧက ၁၀၀ ကျော်သိမ်းယူခဲ့ပြီးနောက် အဲဒီဒေသကို မတ်လ ၇ ရက်နေ့မှာ ရဲတပ်ဖွဲ့က မြေထိုးစက်တွေနဲ့ အင်အားသုံး ဝင်ရောက်ဖယ်ရှားခဲ့ပါတယ်။
2014-03-07
ရခိုင်ပြည်နယ်မှာ လက်ရှိ လူမှုရေးအကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း INGO /NGO တွေထဲက မှတ်ပုံတင်မထားတဲ့အဖွဲ့တွေကို ရခိုင်ပြည်နယ်မှာ လုပ်ငန်းလုပ်ကိုင်ခွင့် တားဆီးပေးဖို့အဆိုကို ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ တင်သွင်းခဲ့ပါတယ်။
2014-03-07
တပ်ပိုင်မြေဆိုပြီး ရွှေ့ပြောင်းခံရလို့ ပဲခူးတိုင်း၊ အလိုင်နီကျေးရွာ အုပ်စု အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရတဲ့ လှည်းကူးမြို့နယ် သမီးလေးရွာက အိမ်ထောင်စုတွေကို မတ်လ ၉ ရက် နောက်ဆုံးထားပြီး ယာယီတဲတွေ ဖျက်သိမ်း ဖို့ ပဲခူးတိုင်းအုပ်ချုပ်ရေးအဖွဲ့က စာပေးပို့ထားတယ် လို့ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မက ဒီနေ့မိန့်ကြား ပါတယ်။
2014-03-07
ရခိုင်ပါတီနှစ်ခု ပူးပေါင်းပြီး ဖွဲ့စည်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီ ANP ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့ကရက်စွဲနဲ့ ပါတီမှတ်ပုံတင် ချပေးလိုက်ပါတယ်။
2014-03-07
မြန်မာနိုင်ငံမှာ တောင်သူတွေအနေနဲ့ လယ်ယာမြေဥပဒေ၊ နည်းဥပဒေတွေ အတိုင်း လယ်ယာမြေလုပ်ပိုင်ခွင့်တွေ ရရှိထား ပြီးဖြစ်ကြောင်း အစိုးရက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-03-07
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေကြမ်းတွေ ရေးဆွဲဖို့အတွက် ဥပဒေပညာရှင်တွေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း ကျွမ်းကျင်သူတွေပါဝင်တဲ့ ကော်မရှင် ဖွဲ့စည်းပြီး ရေးဆွဲသွားမယ့် အကြောင်းကြားစာကို သမ္မတဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ ပေးပို့လိုက်ပါတယ်။
2014-03-07
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2014-03-07
နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ စာရင်းမှတ်တမ်း ကောက်ယူစုစည်းမှုနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-03-07
ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ဆဋ္ဌမမြောက်ရုံးခွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2014-03-07
ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ နေပြည်တော် ပြည့်သူ့လွှတ်တော်ဧည့်ခန်းမမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2014-03-07
အခုလအတွင်း ရန်ကုန်မြို့မှာ ကျင်းပမယ့် အာဆီယံလူငယ်ဖိုရမ်ကို တိုင်းနဲ့ ပြည်နယ်အသီးသီးက လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့အတွက် မော်လမြိုင်မြို့မှာ ကျင်းပနေတဲ့ မြန်မာလူငယ်ဖိုရမ်ကနေ ရွေးချယ်မယ်လို့ သိရပါတယ်။ RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။
2014-03-07
လက်ရှိ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ထဲမှာ အစိုးရအနေနဲ့အဓိကဦးစားပေး ဆောင်ရွက်သင့်တဲ့ကိစ္စက နိုင်ငံသားတိုင်းသမ္မတဖြစ်ခွင့်ရနိုင်အောင် လမ်းဖွင့်ပေးတဲ့အနေနဲ့ပုဒ်မ (၅၉-စ) ကို ပြင်ဆင်ဖို့ဖြစ်တယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်က ပြောပါတယ်။
2014-03-06
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ တိုင်းရင်းသား သတင်းမီဒီယာကွန်ရက် အဖွဲ့က အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင် သွားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။