သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-10
စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့က ဆန္ဒပြပွဲတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဖြိုခွဲချိန်မှာ စစ္စတာ အန်နူးတောင်ဟာ စစ်သားတွေရဲ့ ရှေ့ကနေ ရပ်ပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် မပစ်ခတ်ဖို့ ငိုကြွေးတောင်းပန်ခဲ့သူပါ။ အခုလို ကိုဗစ်ရောဂါတွေဆိုးလာချိန်မှာလည်း စစ္စတာ အန်နူးတောင်ဟာ ကိုဗစ်ရောဂါသည်တွေကို နေ့စဉ် ကြည့်ရူပေးနေပါတယ်။
2021-08-10
မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာသန်း ၅၀ ကျော် ပေးအပ်မယ်လို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က သြဂုတ် ၁၀ ရက် ဒီနေ့ ကြေညာလိုက်ပါတယ်။
2021-08-10
မကွေးတိုင်းထဲက ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းမှာ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ YDF က သတင်းထုတ်ပြန်ထားပါတယ်။
2021-08-10
လူမျိုးကြီးဝါဒကို ကျင့်သုံးပြီး စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ အဏာသိမ်း စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ဆုံးဖြတ်ထားတယ်လို့ ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ က ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကချင်အာဇာနည် နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
2021-08-10
ရှမ်းပြည်နယ်၊ လားရှိုးမြို့ နူးရွလ်အစ္စလာမ်ဘာသာရေးအသင်းက သြဂုတ်လ ၁၀ ရက်နေ့ ဒီကနေ့မနက်ပိုင်းကစလို့ အောက်ဆီဂျင်ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ အောက်ဆီမီတာနဲ့ ဖလိုးမီတာတွေကို ဈေးလျှော့ရောင်းချပေးနေတယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။
2021-08-10
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုချိန်ထိ ခြောက်လတာကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် လေးဦး စစ်ကြောရေးနဲ့ အချုပ်ထောင်မှာ သေဆုံးခဲ့ပြီး၊ လွှတ်တာ်အမတ် ၉၈ ဦး အပါအဝင် စုစုပေါင်း ပါတီဝင် ၃၂၄ ဦးအဖမ်းခံထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပါတီဗဟိုကော်မတီဝင် တစ်ဦးက ပြောပါတယ်။
2021-08-10
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ပန်ဆိုင်း မြို့နယ်ခွဲ ကောင်းစထီးကျေး ရွာမှာ သြဂုတ် ၄ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ အဲဒီအနီး တဝိုက် ရွာပေါင်း ခြောက်ရွာက ဒေသခံ တစ်ထောင့် သုံးရာကျော်ဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး တရုတ်နိုင်ငံ ထဲကို ထွက်ပြေးခိုလှုံနေရပါတယ်။
2021-08-10
အာဏာသိမ်း စစ်ကောင်စီတပ်ကနေ လက်နက်အပြည့်အစုံယူပြီး မင်းတပ် CDF အဖွဲ့ထံ လာရောက် ပူးပေါင်းတဲ့ စစ်သားတွေကို ဆုငွေ သိန်း ၅၀ ပေးမယ်လို့ မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ် CDF က သြဂုတ်လ ၁၀ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကြေညာချက် ထုတ်ပြန်ပြီး ကမ်းလှမ်းလိုက်ပါတယ်။
2021-08-10
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၁ တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် စောပလေ့ ဟာ ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ KNU က တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။
2021-08-10
အာဆီယံဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ သိပ်မမျှော်လင့်ဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဆိုကြပါတယ်။ မြန်မာ့ အရေးကို ကြားဝင်ဆောင်ရွက်ပေးဖို့ မကြာခင်မှာ မြန်မာနိုင်ငံကိုရောက်ရှိ လာမယ့် အာဆီယံ အထူးကိုယ်စားလှယ်ဟာ ဘယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမလဲ၊ လုပ်ပိုင်ခွင့် ဘယ်လောက်ရမလဲ ဆိုတာကို စောင့်ကြည့်ဝေဖန်နေဖို့လိုတယ်လို့လည်း သုံးသပ်ကြပါတယ်။
2021-08-10
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ထဲမှာ ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက YMBA ရုံးရှေ့နဲ့ ပုဇွန်တောင် မြို့မရဲစခန်းအနီးတို့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-08-10
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက မြင်းတန့်ကျေး ကျေးရွာက အိမ်တစ်လုံးကို စစ်ကောင်စီတွေက သြဂုတ်လ ၁၀ ရက်နေ့ ဒီနေ့မနက်မှာ မီးရှို့လိုက်ပြီး ရွာသား သုံးယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-08-10
ဆရာဝန်ခွဲစိတ်မှုတွေကို လက်ခံယုံကြည်မှုအားနည်းတဲ့ နာဂတောင်တန်းဒေသက တိုင်းရင်းသားတွေကို စည်းရုံးပြီး ရောဂါဖြစ်ပွားမှုတွေကို ကြိုးစားကုသပေးခဲ့ တာကြောင့် နာဂသိန်းလှိုင်လို့ နာမည်ကျော်ခဲ့တဲ့ ဆရာဝန်ကြီး ဒေါက်တာ သိန်းလှိုင် အသက် (၈၈) နှစ်ဟာ ဩဂုတ်လ ၁၀ ရက် ဒီနေ့ မနက်ပိုင်းက ကွယ်လွန်သွားပါတယ်။
2021-08-09
မကွေးတိုင်း ပေါက်မြို့နယ်မှာ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပစ်ခတ်တာ၊ ရှာဖွေဖမ်းဆီးတာတွေကြောင့် ဒေသခံ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
2021-08-09
မြန်မာကဗျာလောကမှာ ထင်ရှားတဲ့ ကဗျာဆရာအောင်ချိမ့် ခေါ် ဦးကျော်သန်း ဟာ သြဂုတ်လ ၉ ရက် မနေ့ည က ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။ သူဟာ စစ်အာဏာရှင် ဦးနေဝင်းလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားတဲ့ ကျောင်းသားလူငယ်တစ်ယောက်အနေနဲ့ ၁၉၆၄ ခုနှစ်မှာ ထိန်းသိမ်းခံရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်ဖြစ်သလို၊ ခေတ်ပေါ်မြန်မာကဗျာလောကမှာ ဦးဆောင်ခဲ့သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။