သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-11
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လကုန်ပိုင်းကစပြီး Covid-19 ကြောင့် တစ်နေ့ကို လူ အယောက် ၂၀ ကနေ ၃၀ ကြား သေဆုံးနေတယ်လို့ ကျန်းမာရေး အကူအညီ ပေးသူတွေက ပြောပါတယ်။
2021-07-11
ရန်ကုန်တိုင်းထဲက ကိုဗစ်စင်တာနဲ့ အစိုးရဆေးရုံကြီးတွေကို အောက်ဆီဂျင် ပေးသွင်းရမှာဖြစ်တဲ့အတွက် ပုဂ္ဂလိက အောက်ဆီဂျင်အိုးတွေကို ဖြည့်သွင်းတာကို စစ်ကောင်စီက ညွှန်ကြားချက်အရ ယာယီရပ်နားထားတဲ့အကြောင်း ဒီနေ့မနက်က သိမ်ဖြူသင်္ဘောကျင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က ကြေညာထားပါတယ်။
2021-07-11
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ်တဲ့ ကချင်ပြည်နယ်တွင်းက မိုင်ဂျားယန်ဒေသမှာ ကိုဗစ်ပိုးတွေ့လူနာတွေ စတင်တွေ့ရှိတယ်လို့ KIA က ဗိုလ်ချုပ် ဂွမ်မော်က ဒီကနေ့ ပြောပါတယ်။
2021-07-11
ရန်ကုန်တိုင်း၊ မှော်ဘီမြို့က Alpine သောက်ရေသန့်စက်ရုံက ဝန်ထမ်းတချို့ ကိုဗစ်-နိုင်တင်းန် ကူးစက်ခံထားရလို့ အဲဒီဝန်ထမ်းတွေကို ကုသရေးစင်တာနဲ့ နေအိမ်တွေ မှာ သီးခြားထားပြီး ကုသပေးနေတယ်လို့ Alpine ရေသန့်စက်ရုံက ဒီနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
2021-07-11
စစ်ကိုင်းတိုင်း ကသာမြို့မှာ စစ်ကောင်စီနဲ့ ကသာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ဇူလိုင် ၅ နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ လေးရက်အတွင်း စစ်ကောင်စီဘက်က ဗျူဟာမှူးအပါဝင် ၁၈၀ လောက် သေဆုံးတယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
2021-07-10
မြန်မာနိုင်ငံမှာ Covid-19 ရောဂါကြောင့် ကူးစက်မှုနှုန်းရော၊ သေဆုံးမှုနှုန်းတွေပါ တစ်နေ့တခြား မြင့်တက်လာနေသလို ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရသူတွေလည်း များလာနေတာကြောင့် သူတို့အတွက် အောက်ဆီဂျင်ရဖို့ အရေးပေါ် လိုအပ်ချက်ရှိနေတယ်လို့ ကျန်းမာရေး အကူအညီပေးနေသူတွေက ပြောကြပါတယ်။
2021-07-10
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဇူလိုင် ၂ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့လို့ တောတောင်တွေထဲ စစ်ဘေးနေရတဲ့ ဒေသခံ ငါးထောင်ကျော်တို့ဟာ ကိုယ့်နေအိမ် တွေဆီ ပြန်ရောက်လာကြပြီဖြစ်ပေမယ့် ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်ကြတာတွေအပြင် အခြားပြန်လည်ထူထောင်ရေး တွေလုပ်ပေးဖို့ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
2021-07-10
ပဲခူးတိုင်း ပဲခူးမြို့ မွန်စံပြရပ်ကွက် ၇ လမ်းက စစ်ကောင်စီခန့်ထားတဲ့ ရာအိမ်မှူးဟာ ဇူလိုင် ၁၀ ရက် ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်နေသူ တစ်ယောက်က RFAကို ပြောပါတယ်။
2021-07-10
ဒီတပတ်အစီအစဉ်မှာ မြန်မာပြည်မှာ စိုးရိမ်စရာပြန်ဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို လက်ရှိ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေ ဘယ်လို ရင်ဆိုင်ခုခံကြမလဲဆိုတာ ဆွေးနွေး တင်ပြထားပါတယ်။
2021-07-09
အာဏာသိမ်း စစ်ကောင်စီက သူတို့ဖမ်းဆီးထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) နဲ့ တရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ ဇူလိုင် (၇) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2021-07-09
ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု အနီရောင်အဆင့်ရှိတဲ့ ခရိုင် ခြောက်ခုကို ၁၄ ရက် ညမထွက်ရအမိန့် ဇူလိုင်လ ၉ ရက်နေ့ မှာ ကျင်းပတဲ့ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
2021-07-09
ကရင်ပြည်နယ် ဝေါလေမြို့ ကနဲလေးကျေးရွာအနီးမှာ လူ ၂၅ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး KNU လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ စစ်ဦးစီးချုပ်ကို ဇူလိုင်လ ၈ ရက်နေ့က စပြီး တာဝန်ကနေ ယာယီရပ်စဲလိုက်တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
2021-07-09
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စုမှာ ဇူလိုင်လ ၂ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ဝင်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း ဒဏ်ရာရပြီး မပြေးနိုင်တဲ့ PDF အဖွဲ့ဝင်တချို့ကို ဦးခေါင်းတေ့ပြီး ပစ်ခံထားရတဲ့ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
2021-07-09
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးကနေ ဇူလိုင်လ ၉ ရက် ဒီနေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဘေးစီမံအမှုတွေနဲ့ စွဲချက်တင်လိုက်သလို NLD အစိုးရဝန်ကြီးဟောင်း နှစ်ဦးနဲ့ မန္တလေးတိုင်း NLD ပါတီ အတွင်းရေးမှူးကိုလည်း ဘေးစီမံအမှုနဲ့ စွဲချက်တင်လိုက်တယ်လို့ အမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။
2021-07-09
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ် ကြီးဥပဒေ ပုဒ်မ-၅၀၅(ခ)နဲ့ ဒီကနေ့ ဇူလိုင် ၉ ရက်မှာ စစ်တွေမြို့နယ် တရားရုံးကနေ စွဲချက်တင်အမိန့်ချလိုက်တယ်လို့ ဦးညီပုရဲ့ ရှေ့နေ ဦးအောင်စစ်မင်း က RFA ကို ပြောပါတယ်။