သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-11
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့မှာ ဇွန်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦး ထပ်မံသေဆုံးခဲ့တဲ့အတွက် ချင်းပြည်နယ် တစ်ခုလုံး ကပ်ရောဂါကြောင့် သေဆုံး စုစုပေါင်း ၁၀ ဦး ရှိလာပါပြီ။
2021-06-11
ရန်ကုန်တိုင်းအတွင်း CDM လုပ်နေတဲ့ “စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာန” မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ဝန်ထမ်း ၄၅ ယောက်ကို ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ လတ်မှတ်ထိုးပြီး၊ အလုပ်ဖြုတ်လိုက်ကြောင်း အလုပ်ရပ်နားခံရတဲ့ ဝန်ထမ်းတွေက RFA ကို ပြောပါတယ်။
2021-06-10
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆရာတော် သံဃာတော်တွေ ဖမ်းဆီးခံနေရချိန်မှာပဲ ရဟန်းဘဝကို စွန့်လွှတ်ပြီး စစ်ကောင်စီကို တော်လှန်ဖို့ လက်နက်စွဲကိုင်သွားတဲ့ သံဃာတပါးလည်း ရှိလာပါတယ်။ ရဟန်းဝတ်နဲ့ ၁၃ ဝါတိုင်တိုင် သီတင်းသုံး နေထိုင်ခဲ့ပြီး လက်ရှိအချိန်မှာ လက်နက်ကိုင် တော်လှန်ရေးသမားဖြစ်လာသူကတော့ လှိုင်သာယာမြို့နယ်က ကျောင်းထိုင်ဆရာတော် ဦးဇင်း ဦးကေသရပါ ...။
2021-06-10
၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်၁၉ ရောဂါ ကြောင့်ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေရှိနေပေမဲ့ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက မူးယစ်ဆေးဝါး ကုန်ကူးသူတွေက ကန့်သတ်ချက်တွေကို ရှောင်လွှဲပြီး မူးယစ်ဆေးထုတ်လုပ်မှုကို တိုးချဲ့လုပ်ကိုင်နိုင်ခဲ့ကြပါတယ်။
2021-06-10
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်းလွှတ်တော် အမတ်ဟောင်း ဦးနေမျိုးအောင်ဟာ ဒီကနေ့ ဇွန်လ ၁၀ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ဗိုလ်တစ်ထောင် ဘုရားဈေးရုံးဝန်းအတွင်း ဦးခေါင်းကို သေနတ်နဲ့အနီးကပ် ပစ်သတ်ခံလိုက် ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက RFA ကို ပြောပါတယ်။
2021-06-10
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာပြည်သူများဆိုင်ရာမူဝါဒ သဘောထားတစ်ရပ်ကို ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဲဒီမူဝါဒကို ရခိုင်ဒေသခံတွေက ကန့်ကွက်ပြောဆိုနေကြတာပါ။
2021-06-10
အစိုးရနဲ့ KIA အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေကို ရောက်နေတာ ၂၀၂၁ ခုနှစ် ဇွန်လမှာ ၁၀ နှစ်ပြည့်လာပေမယ့် ကချင် ဒုက္ခသည် တစ်သိန်းကျော်အတွက် သူတို့ရွာတွေကို ပြန်လည်နေထိုင်နိုင်ဖို့ အလှမ်းဝေးနေဆဲပါ။
2021-06-10
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုလအထိ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ဆရာတော်၊ သံဃာတော် စုစုပေါင်း ၁၈ ပါး ရှိသွားပြီလို့ သံဃာတော်တွေ အရေးနဲ့ပတ်သက်ပြီး စာရင်းပြုစုထားတဲ့ ဓမ္မနဲ့ ငြိမ်းချမ်းရေး လူမှုကွန်ရက်စာမျက်နှာက အခုလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2021-06-10
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ သိန္နီမြို့ကြား မန်ပြိန်းကျေးရွာ အကျော် ဗြုံးတောင်မှာ ဇွန်လ ၁၀ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီနဲ့ တအောင်းအမျိုး သား လွတ်မြောက်ရေးတပ်မတော်(TNLA) တို့အကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-06-10
ထားဝယ်မြို့ရဲ့ အဓိကလမ်းဖြစ်တဲ့ အာဇာနည်လမ်း၊ လမ်းဆုံကြီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဇွန် ၁၀ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-06-10
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မနေ့က ဇွန် ၉ ရက်နေ့မှာ၊ စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) နဲ့ နောက်ထပ် အမှုတစ်ခု ထပ်တိုးလိုက်တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
2021-06-10
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန်လ ၉ ရက် မနေ့ မနက်က ကိုဗစ် အတည်ပြုလူနာ သုံဦး သေဆုံးသွားတယ်လို့ ကုသရေးစင်တာမှာ အကူအညီပေးနေသူတွေနဲ့ ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို သယ်ယူပို့ဆောင်ပေးနေတဲ့ ပရဟိတအဖွဲ့တွေက RFA ကို ပြောပါတယ်။
2021-06-10
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဇွန် ၁၀ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-06-10
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် အနီးစခန်းလေဆိပ်ကိုဆင်းတဲ့ စစ်တပ်ပိုင် လေယာဉ်တစ်စီး ဇွန်လ ၁၀ ရက် ဒီနေ့မနက်ပိုင်းက ပျက်ကျပြီး၊ ဆရာတော်ကြီးတစ်ပါးနဲ့ အရာရှိတွေ အပါအဝင် လေယာဉ်ပေါ်လိုက်ပါလာသူ ၁၂ ယောက် သေဆုံးသွားပါတယ်။
2021-06-09
ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံရပြီးတဲ့နောက်၊ အသက်သေဆုံးသွားတဲ့ သူအချို့ရဲ့ အလောင်းကို ပြန်လည်ထုတ်ယူရာမှာ ခန္ဓာကိုယ်ကို ခွဲစိတ်ထားပြီး၊ ကိုယ်တွင်းအင်္ဂါအချို့ကို ထုတ်ယူထားတဲ့ အထောက်အထားတွေ တွေ့ရတဲ့အကြောင်း မိသားစုဝင်တွေနဲ့ ကိုယ်တွေ့ကြုံခဲ့သူ အချို့က ပြောပါတယ်။