သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-11
ယူနတီသတင်းဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ သတင်းမီဒီယာသမားတွေ စုပေါင်းပြီး ဒီကနေ့ မနက်ပိုင်းက ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှာ ရှိတဲ့ ကြေးသွန်းဘုရားမှာ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-07-11
တောင်ကြီးမြို့အခြေစိုက် အရပ်ဖက် လူမှုအဖွဲ့အစည်းတခုဖြစ်တဲ့ "အေးမြကရုဏာ" ပရဟိတ အသင်းရဲ့ နှစ်ပတ်လည်အထိမ်းအမှတ် စာပေဟောပြောပွဲကို တောင်ကြီးမြို့- ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုဂျေက တင်ပြထားပါတယ်။
2014-07-11
ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးရဲထွဋ်နဲ့ ပညာရေးဒု-ဝန်ကြီး ဦးသန့်ရှင်းတို့ ပါဝင်တဲ့ အစိုးရ ထိပ်တန်းအရာရှိတချို့ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။ ဝါရှင်တန်ဒီစီမြို့တော် RFA ရုံးချုပ် ကို မနေ့က အလည်အပတ်ရောက်ရှိလာတဲ့ ဝန်ကြီးဦးရဲထွဋ်ကို RFA က တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။
2014-07-11
မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံ သားများအနေနဲ့ မိမိတို့လုံခြုံရေးကို အထူး ဂရုပြုသွားလာနေထိုင်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သတိပေးစာကို ဇူလိုင်လ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
2014-07-11
နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှု ဥပဒေနဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက် တဲ့အပေါ် ကန့်ကွက်တဲ့အိတ်ဖွင့်ပေးစာကို မြန်မာဂျာနယ် လစ်ကွန်ရက် MJN၊ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း MJA နဲ့ မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ MJU တို့က နိုင်ငံတော်သမ္မတထံ မနက်ဖြန်မှာပေးပို့မှာဖြစ်တယ် လို့ သိရပါတယ်။
2014-07-11
အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး အကောင် အထည်ဖော်မှု ကော်မရှင်မှာပါဝင်တဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦး နှုတ်ထွက် လိုက်ကြတယ်လို့ သိရပါတယ်။
2014-07-11
ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး ဆေးဝါး ထုတ် လုပ်ရေးကုမ္ပဏီဖြစ်တဲ့ DHG ကုမ္ပဏီဟာ အမေရိကန် ဒေါ် လာ ၄ သန်းခွဲ ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံမှာ ဖက်စပ်ဆေး ဝါးစက်ရုံ ထူထောင်ဖို့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ Bloomberg စီးပွားရေးသတင်းတစ်ပုဒ်မှာ ဒီကနေ့ ဖော်ပြ ပါတယ်။
2014-07-11
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီတွေ တောင်းဆိုထားတဲ့အချက်တွေကို မပြင်ဆင်ပဲ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်မူကြမ်းကို အတည်ပြုထုတ်ပြန်လိုက်တယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
2014-07-11
မြန်မာတနိုင်ငံလုံးက လယ်ယာမြေ အငြင်းပွားမှုပြဿနာတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့ တာဝန်ယူ ဖြေရှင်းမှုတွေဟာ ထိရောက်မှု မရှိတဲ့အကြောင်း၊ လွှတ်တော်က ဖွဲ့စည်းထားတဲ့ "လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်" က ပြောလိုက်ပါတယ်။
2014-07-11
ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာက တောင်သူ ၁၉ဝ ကို ပိုင်နက်ကျူးလွန်မှုနဲ့ အမှတ် (၅၃၁) ခြေမြန်တပ်ရင်းက တရားစွဲဆိုထားတာပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-07-11
မြန်မာနိုင်ငံမှာ မုတ်သုန်မိုးရွာသွန်းမှု နည်းပါးလာတဲ့အတွက် တောင်သူလယ်သမားတွေ မိုးရေကို အားထားရတဲ့ စိုက်ပျိုးနည်းအစား တခြားရေကို အားထားလို့ရတဲ့ စိုက်ပျိုးနည်းကို ပြောင်းသင့်တဲ့အကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က အကြံပြုလိုက်ပါတယ်။
2014-07-11
ဇူလိုင်လ ၁ဝ ရက်၊ ဒီကနေ့ကျရောက်တဲ့ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား ကို နေပြည်တော် ရွိုင်ရယ်ကုမုဒြာဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြ ထားပါတယ်။
2014-07-10
ရန်ကုန် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းက ပလက်ဖောင်းမှာ ဖန်စီပစ္စည်းတွေနဲ့ အလှဆင် ကျောက်တွေ ရောင်းချ တဲ့ ကျောက်ဈေးတန်းဟာ ရောင်းအား သိသိသာသာကျဆင်းနေတဲ့အတွက် လမ်းဘေး ကျောက်ရောင်းသူတွေ အခက်တွေ့နေကြပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။
2014-07-10
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနိုင်ငံဘက်က တရားမဝင်ခိုးဝင်လာသူ ရိုဟင်ဂျာတွေ နဲ့ နိုင်ငံသားတွေကို လက်ထပ်ထိမ်းမြားမပေးဖို့ တရားရုံးတွေ ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ကြာသပတေးနေ့က ညွှန်ကြား ချက် ထုတ်ပြန် လိုက်ကြောင်း AFP သတင်းကဖေါ်ပြပါတယ်။
2014-07-10
ယူနတီဂျာနယ်က သတင်းသမားတွေ ကို ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် က နိုင်ငံတော်လုံခြုံရေး အတွက် ကမ္ဘာ့နိုင်ငံအားလုံးက အလားတူ အရေးယူ ကြမှာဖြစ်ကြောင်း၊ စာနယ်ဇင်း သမားတွေမှာ လွတ် လပ်ခွင့်ရှိသလို တာဝန်နဲ့ကျင့်ဝတ်တွေ လည်း ရှိကြောင်း RFA ကို မနေ့က ပြောကြားလိုက်ပါတယ်။