သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-15
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားအုပ်စု မခေါဒီ ရွာအနီးက ဧရာဝတီမြစ်ကမ်းမှာ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေတာကို ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး ၃ ဦး၊ သယံဇာတနဲ့ သတ္တုတွင်း ဝန်ကြီးဋ္ဌာန ပြည်နယ်အဆင့်တာဝန်ရှိသူတွေ နဲ့ ဒေသအာဏာပိုင်တွေ မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
2018-03-14
မြောက်ပိုင်း မဟာမိတ် FPNCCဖွဲ့ ဝင်တွေဖြစ်တဲ့ UWSA နဲ့ မိုင်းလား အဖွဲ့တွေ NCA မှာလက်မှတ်ရေးထိုးတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လအတွင်း ဝအဖွဲ့နဲ့ မိုင်းလား အဖွဲ့တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံအပြီး ဒီသတင်းထွက်ပေါ်လာတာဖြစ်တယ်လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ ဦးသန်းစိုးနိုင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
2018-03-14
မုဒိန်းမှု၊ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးနိုင်မယ့် ဥပဒေတခုပြဌာန်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးပမ်းနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မိဘမဲ့ကလေးတွေ၊ မကျန်းမာတဲ့ကလေးတွေ၊ သက်ငယ်မုဒိန်းကျူးလွန်ခံရတဲ့ ကလေးတွေအတွက် ကူညီနေတဲ့ ရုပ်ရှင်မင်းသမီး ခိုင်နှင်းဝေ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2018-03-14
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကို ပြန်လည်စိစစ်လက်ခံရေးကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD က ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
2018-03-14
နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးမှာ အသဲရောဂါလက္ခဏာတွေ တွေ့ရတဲ့အတွက် မိသားစုက ထောင်ပိုင်ကြီးကတဆင့် ဆေးရုံတင်ခွင့် တောင်းဆိုသွားမယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးခင်မောင်ဇော် ကပြောပါတယ်။
2018-03-14
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမယ့်သူတွေ လက်ခံရေးလုပ်ငန်းစဉ်မှာ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ ပါဝင်ရေးအတွက် မြန်မာအစိုးရက ဖိတ်ခေါ်တော့မယ်လို့ သိရပါတယ်။
2018-03-14
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေအရေးဟာ ဘင်္ဂလားဒေ့ရှ်လို ဆင်းရဲသားနိုင်ငံအတွက် ကြီးမားလေးလံတဲ့ ဝန်ထုတ်ဝန်ပိုးကြီးဖြစ်နေတာမို့ မြန်မာအနေနဲ့ ပြုထား တဲ့ ကတိအတိုင်း ပြန်လည်ခေါ်ယူဖို့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ထပ်မံပြောဆိုလိုက်ပါတယ်။
2018-03-14
ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးပို့ထားတဲ့ ပြန်လာမယ့်သူ ၈ ထောင်ကျော်ထဲမှာ အချက်အလက် ပြည့်စုံတဲ့ လူဦးရေ ၃၇၀ ကျော်စာရင်းကို ဒီနေ့ ဘင်္ဂလားဒေ့ရှ်သံရုံးထံ ပေးပို့လိုက်တယ်လို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးအစီအစဉ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ အစိုးရတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
2018-03-14
မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ကြား ပဋိပက္ခတွေ၊ တိုက်ခိုက်မူတွေ လျော့ပါးစေဖို့အတွက် နှစ်ဖက် တပ်ဖွဲ့ခေါင်းဆောင်တွေ ပူးပေါင်းပြီး လူထုတွေ့ဆုံရှင်းလင်းပွဲတွေ ပြုလုပ်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။
2018-03-14
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို နှစ်ရှည်ပြစ်ဒဏ်ချမှတ်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်စာရင်း ထဲမှာ မထည့်သွင်းဖို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့တွေက အမျိုးသားလွှတ်တော် ရေးရာကော်မတီထံ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2018-03-14
နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုကျော်စိုးဦးမှာ အသဲရောဂါလက္ခဏာတွေ တွေ့ရှိနေတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက ဒီနေ့ ပြောပါတယ်။
2018-03-14
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ့်ဆန် နဲ့ နမ္မတူမြို့နယ်တဝိုက်မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တို့ အကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံ ထောင်နဲ့ချီနေပြီလို့ ဒုက္ခသည် တွေကို အကူအညီတွေပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
2018-03-14
"ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ မိုင်းလားအဖွဲ့တို့ဟာ NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဆန့်ကျင်မှုမရှိဘဲ မပြည့်စုံတဲ့အချက်တွေကို ပြင်ဆင်နိုင်ဖို့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ မိုင်းလားအဖွဲ့ ပြောခွင့်ရ ဦးကြည့်မြင့်က ဒီနေ့ ပြောပါတယ်။
2018-03-14
မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မသုံးစွဲရသေးတဲ့ လူဦးရေ သန်း ၃၀ အတွက် ရည်ရွယ်ပြီး မီတာ ၄ မျိုးစနစ်ကို လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး အကောင်အထည်ဖော်သွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။
2018-03-14
မြန်မာနိုင်ငံက မြစ်မကြီးတွေအပြင် မြစ်လက်တက်တွေမှာ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ မဆောက်ဖို့နဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေကို ကန့်ကွက်ကြောင်း ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က ဒေသခံတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့တွေက လှိုင်းဘွဲ့မြို့နယ်က ဟတ်ကြီးရေကာတာ တည်ဆောက်မယ့်နေရာအနီးမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။