သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-12
မြန်မာနိုင်ငံသားမဟုတ်သူတွေ ကိုင်ဆောင်ထားတဲ့ White Card ခေါ် ယာယီသက်သေခံ လက်မှတ်တွေကို လာမယ့် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးပြီလို့ သတ်မှတ်ကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2015-02-12
၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ ဆန္ဒခံယူပွဲကို ဒီနှစ်အတွင်း ကျင်းပဖို့ သမ္မတ ဦးသိန်းစိန်က မနေ့က အတည်ပြု လိုက်ကြောင်း လွှတ်တော်အမတ်နှစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
2015-02-12
ဒီမိုကရေစီပညာရေးအတွက် ကျောင်း သားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်လုံးကို ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကနေ သဘောတူ လိုက်ပေမယ့်၊ လွှတ်တော်မှာသဘောတူပြီး သမ္မတ လက်မှတ်ထိုးမှ ဒီတောင်းဆိုချက်တွေအတွက် စိတ်ချ ယုံကြည်ရမှာဖြစ်တဲ့အတွက် သပိတ်မလှန်သေးဘူး လို့ ကျောင်းသားခေါင်းဆောင်တွေကပြောလိုက်ပါတယ်။
2015-02-11
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အတွက် ကျောင်းသားတွေ သပိတ်မှောက်တောင်းဆိုနေတဲ့ အချက် ၁၁ ချက်ကို အစိုးရဘက်က မူအားဖြင့် သဘောတူလိုက်ပြီ ဖြစ် ပါတယ်။
2015-02-11
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက် ပြီး ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက လွှတ်တော် ကိုယ်စားလှယ်တွေ ဒီနေ့ လွှတ်တော်မှာ တွေ့ဆုံဆွေးနွေး ကြပါတယ်။
2015-02-11
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်း ဧရိယာမှာ ဝမ်ပေါင်ကုမ္ပဏီ က မြေတူး စက်တွေနဲ့တူး ဆွနေတာ ကိုတားခဲ့တဲ့ ဒေသခံတွေကို လုံခြုံရေးရဲဝန် ထမ်းတွေက လေးဂွနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
2015-02-11
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ပတ်သက်ပြီး တပ်မတော် ဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် တရားရုံးတင် ခွင့်မရကြောင်း ကိုပါကြီးရဲ့ဇနီးဖြစ်သူ မသန္တာက ပြောပါ တယ်။
2015-02-11
ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် ထားသူတွေကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒ မဲပေးခွင့်ပြုလိုက်တာကို ရန်ကုန်မြို့မှာ ဒီနေ့ ကန့်ကွက် ဆန္ဒပြကြပါတယ်။
2015-02-11
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ အခမ်းအနားကို နေပြည်တော် ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့က ဂုဏ်ပြုစကားပြောကြားပါတယ်။
2015-02-11
နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနား ကို တက်ရောက်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြား ထားရာမှာ ကချင် ၊ ပလောင် နဲ့ ကရင်နီအဖွဲ့ ၃ ဖွဲ့ တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
2015-02-11
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ဒီကနေ့ ပြုလုပ်တဲ့ ၄ ပွင့်ဆိုင်ဆွေးနွေး ပွဲကနေ သပိတ်မှောက်ကျောင်း သားတွေတောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အစိုးရ က မူအားဖြင့် လက်ခံ သဘောတူလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
2015-02-11
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် မွေးနေ့ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ကတည်းက စတင် ကျင်းပနေတာ ဖြစ်ပါတယ်။
2015-02-11
တနသာၤရီတိုင်းဒေသကြီး ကံပေါက်ဒေသမှာရှိတဲ့ သဘာဝဓာတ်ငွေ့တူးဖော်နေတဲ့ Total ကုမ္ပဏီက အလုပ်သမား ၁၀၀ ကျော်ကို တာဝန်ကနေရပ်စဲ လိုက်တာကြောင့် အလုပ်ထုတ်နစ်နာကြေးတွေပေးဖို့ အလုပ်သမား ၁၀၀ ကျော်က ကံပေါက်မြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
2015-02-11
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နဲ့ မော်ထိုက်မြို့အကြားမှာ အစိုးရစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖဲ့ွ MNDAA တို့ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေပါတယ်။
2015-02-11
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်ဒေသမှာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေရာမှာ လက်ရှိအခြေအနေအရ တပ်မတော်ဖက်က ထိန်းထားနိုင်တဲ့အခြေအနေရှိနေပြီလို့ နိုင်ငံတော် သမ္မတရုံးက ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောပါတယ်။