သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-14
ကရင်တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ် ကော်သူးလေမှာ လက်ရှိအခြေအနေတွေအပေါ် တွေ့ဆုံဆွေးနွေး သွားဖို့ ရှိတယ်လို့ KNU နိုင်ငံခြားရေးဌာနပြောခွင့်ရ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
2021-06-14
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လေးလကျော်အတွင်း စီးပွားရေး လုပ်ငန်းအများစု ကျဆင်းနေပြီး အလွှာပေါင်းစုံက ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ကျပ်တည်းလာတယ်လို့ အသေးစားလုပ်ငန်းရှင်တွေရော စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကပါ ပြောပါတယ်။
2021-06-14
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ထိန်းကင်းကျေးရွာအုပ်စု အရှေ့ကမ်း ကျေးရွာမှာ ကျောင်းအပ်သူ မရှိလို့ ပိတ်ထားရတဲ့ အလယ်တန်းကျောင်းကို ပြန်ဖွင့် နိုင်ဖို့အတွက် စစ်ကောင်စီက ဖိအားပေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-06-14
မန္တလေးမြို့မှာ ဒီနေ့ ဇွန်လ ၁၄ ရက်မနက် ၆ နာရီကျော်လောက်မှာ ဆန္ဒပြဖို့လူစု နေတဲ့ လူငယ်တွေကို စစ်ကောင်စီ ဘက်က ကားတွေနဲ့တိုက်ပြီး ဖမ်းတဲ့အတွက် သွေးထွက်သံယိုဒဏ်ရာရကြပြီး အနည်းဆုံး ခြောက်ယောက်လောက် အဖမ်းခံလိုက်ရပါတယ်။
2021-06-14
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်မှာ ကိုရိုနာကပ်ရောဂါကြောင့် ဇွန်လ ၁၃ ရက် မနေ့ညနေပိုင်းက လူတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သေဆုံးသူရဲ့မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-06-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ချမ်းမြသာစည်မြို့နယ်ရုံးကို ဇွန်လ ၁၃ ရက် မနေ့ည ပိုင်းက ဗုံးနဲ့ပစ်ခွဲခံရပြီး မန္တလေးတိုင်းရုံးကိုလည်း ညပိုင်းမှာ အမည်မသိ လူ ငါးဦးက ရုံးခန်းသော့ခတ်ထားတာကို ရိုက်ဖျက်ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ NLD နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-06-13
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အရပ်သားတွေကို အကြမ်းဖက် ဖိနှိပ်နေတာတွေအတွက် အပြင်းအထန်ရှုတ်ချတယ်လို့ ဗြိတိန်နိုင်ငံမှာကျင်းပနေတဲ့ G7 အစည်းအဝေးမှာ စက်မှုအင်အားကြီး ၇ နိုင်ငံရဲ့ခေါင်းဆောင်တွေက မနေ့ကပဲ ပြောလိုက်တဲ့အကြောင်း အိန္ဒိယ အခြေစိုက် ANI သတင်းမှာ ဖေါ်ပြထားပါတယ်။
2021-06-13
ကိုဗစ်ကပ်ရောဂါ အတည်ပြုလူနာသစ်တွေ မနေ့ကတစ်ရက်ထဲ ၃၇၃ ယောက် ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။
2021-06-13
ဗြိတိန်နိုင်ငံမှာ ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ (G7) ၇ နိုင်ငံက ခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေတဲ့ တချိန်တည်းမှာပဲ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ရောက်ရာနိုင်ငံတွေမှာ ဆန္ဒပြနေကြပါတယ်။
2021-06-13
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ပဝကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ရပ်ကျေးအလုပ်အမှုဆောင် ဦးထွန်းသန်းကို စစ်ကောင်စီက ဇွန်လ ၁၂ ရက် မနေ့က လာရောက်ဖမ်းဆီးရာမှာ ဦးထွန်းသန်းဟာ အိမ်မှာရှိတာကြောင့် ဇနီး၊ သမီးနဲ့ အစ်ကိုဖြစ်သူတို့ကို ဖမ်းခေါ်သွားတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
2021-06-13
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကစတင်တဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ထဲမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသောင်းကျော်အထိ ရှိလာနေပြီလို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2021-06-13
ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ရောက် မြန်မာတွေဟာ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်ရေးအဖြစ် မြန်မာစစ်သံရုံးရှေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ၂၀၂၁ ဇွန် ၁၃ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-06-13
ကရင်နီ (ကယား) ပြည်နယ်မှာ ဇွန် ၁၀ ရက်ကနေ ၁၂ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဒေသခံပြည်သူ နှစ်ယောက်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် သေဆုံးပြီး ဒေသခံ ခြောက်ယောက် အဖမ်းခံ ထားရတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ဇွန် ၁၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
2021-06-12
တရုတ်နိုင်ငံဟာ တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူတွေအတွက် လက်တုံ့ပြန်မယ့် ဥပဒေတစ်ရပ်ကို ဇွန်လ ၁၀ ရက်နေ့က အတည်ပြုလိုက်ပါတယ်။
2021-06-12
မန္တလေး သံဃသမဂ္ဂဟာ ပြည်သူ၊ ပြည်သားတွေ ဆင်းရဲဒုက္ခအပေါင်းမှ အမြန်လွတ်မြောက်စေဖို့ ပရိတ်ရွတ် မေတ္တာပွားများခဲ့ကြပါတယ်။