သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-12
ရခိုင်ပြည်နယ် မြောက်ဦးမြို့ အမှတ် (၃၁) ရဲတပ်ရင်း ဌာနချုပ်ကို ရခိုင်တပ်မတော် AA က ဝင်ရောက်တိုက်ခိုက်ရာမှာ ခေါ်ဆောင်သွားတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို မြောက်ဦးဆေးရုံကို မနေ့ညပိုင်းက လာရောက်ပို့ဆောင်ခဲ့ကြောင်း မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။
2019-04-12
တကသ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ဆင်ဆာခွင့်ပြုချက် တင်မထားတာကြောင့် ဧရာဝတီတိုင်း ဒေးဒရဲမြို့မှာ ရဲတပ်ဖွဲ့က ဖျော်ဖြေခွင့်တားမြစ်ခဲ့တယ်လို့ သိရပါတယ်။
2019-04-12
တပ်မတော်က ဂုဏ်သိက္ခာကျဆင်းစေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ် တရားရုံးက အာမခံမပေးဘဲ အင်းစိန် အကျဉ်းထောင်မှာ ဒီနေ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
2019-04-12
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးကြဖို့ KNU က အဆိုပြုထားပေမယ့် မတွေ့ဆုံဖြစ်ခဲ့ကြောင်း KNU ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။
2019-04-12
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလိုက်တာကို HRW လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ အပါအဝင် အဖွဲ့အစည်း ၂ဝ က ကြိုဆိုလိုက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို အကာအကွယ်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
2019-04-12
မြန်မာအစိုးရက တရုတ်အစိုးရအကူအညီနဲ့ ဆောင်ရွက်မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန်စီမံကိန်းကို မူလက အမေရိကန် ဒေါ်လာ ၇.၃ ဘီလီယံ အကုန်အကျခံ ဆောင်ရွက်မယ်လို့ သဘောတူထားခဲ့ရာကနေ ကနဦးလုပ်ငန်းတွေကို ဒေါ်လာ သန်း တထောင့်သုံးရာနဲ့ပဲ စတင်ဖို့ ပြောင်းလဲ ဆုံးဖြတ်ခဲ့ပါတယ်။
2019-04-11
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော် အကြား ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ဆက်နွယ်ပြီး လက္ကာကျေးရွာက ဒေသခံ ၂၇ ဦးကို အစိုးရတပ်မတော်က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
2019-04-11
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာမှာ တပ်မတော်သားနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးဒဏ်ရာရသူတွေအတွက် နိုင်ငံတော်ထံက နစ်နာကြေးပေးဖို့ မိသားစုဝင်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2019-04-11
ဒီတပတ်အစီအစဉ်မှာ… ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ထိုင်းနိုင်ငံက RFA ပရိသတ်တွေ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-04-11
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အနာဂတ်ဖယ်ဒရယ်နိုင်ငံ တည်ထောင်နိုင်မယ့် စီမံချက်တစ်ရပ်ကို တင်ပြခဲ့တယ်လို့ KNU ကရင် အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး က ပြောလိုက်ပါတယ်။
2019-04-11
ရခိုင်ပြည်နယ် မြောက်ဦးမြို့ အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကနေ ခေါ်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို ပြန်လွှတ်ဖို့ဆောင်ရွက်နေပြီး အဆင်ပြေရင် ဒီနေ့ပြန်လွှတ်မှာဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။
2019-04-11
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ဟာ တစ်ဖြည်းဖြည်းနဲ့ များပြားလာနေပြီး လက်ရှိမှာ စစ်ဘေးဒုက္ခသည် ဦးရေဟာ ၃ သောင်းနီးပါးကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
2019-04-11
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာမှာ တပ်မတော်သား နှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ၇ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မိသားစုဝင်တွေ က နိုင်ငံတော်ထံကနေ နစ်နာကြေးရလိုတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆို လိုက်ပါတယ်။
2019-04-11
မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ အပူချိန်တွေ ဧပြီ ဒုတိယပတ်အတွင်းမှာ ပိုပြီးမြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ သတိပေးချက် ထုတ်ပြန်ပါတယ်။
2019-04-11
တရုတ်နိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကို အောင်မြင်မယ်လို့ ယုံကြည်ကြောင်းနဲ့ မြန်မာတပ်မတော်အနေနဲ့ ဒီစီမံကိန်း အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။