သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-15
၂ဝ၁၉ ခုနှစ်အတွက် နိုင်ငံတကာ သတင်းပေးပို့ချက် ဆိုင်ရာ ပူလစ်ဇာဆုကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး အပါအဝင် ရိုက်တာ သတင်းထောက်တွေကို ချီးမြှင့်လိုက်ပါတယ်။
2019-04-15
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဒီရေနဲ့ မဆုရတနာမြင့် တို့လေးဦးကို ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲဆိုလိုက်ပါတယ်။
2019-04-15
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က အဖွဲ့ဝင်လေးဦးကို ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲဆိုလိုက်ပါတယ်။
2019-04-15
UWSP/ UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ ဧပြီလ ၁၇ ရက်နေ့မှာ ကျင်းပမယ့် "ဝ"ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃ဝ ပြည့် အခမ်းအနားအတွက် အကြိုပြင်ဆင်တဲ့ စစ်ရေးပြအခမ်းအနားကို ဧပြီလ ၁၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2019-04-15
AA ရခိုင့်တပ်မတော်ရဲ့ သင်တန်းကျောင်းနေရာနဲ့ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတယ်လို့ မြန်မာ့တပ်မတော်က ကြေညာပါတယ်။
2019-04-15
ဒီနှစ်သြင်္ကန်မှာ သံချပ်ဆင်ဆာမတင်တဲ့ အိုးဝေသံ၊ ဒေါင်းတို့မျိုးဆက်၊ ကျောင်းနံရံနဲ့ ဒို့အသံ စတဲ့ သံချပ်အဖွဲ့ ၄ ဖွဲ့ဟာ မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့် တားမြစ်ခံရတာတွေရှိနေပါတယ်။
2019-04-15
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒုတ်ကျေးရွာမှာ နယ်မြေခံတပ်က လက်နက်ငယ်နဲ့ ပစ်ခတ်လို့ အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ မမှန်မကန်စွပ်စွဲပြောဆိုခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်း ကို အမှုဖွင့်ထားပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
2019-04-15
ချင်းတွင်းမြစ်အတွင်း လူ ၄၀ ခန့်လိုက်ပါလာတဲ့ ကူးတို့စက်လှေတစ်စီး နစ်မြုပ်တာကြောင့် အမျိုးသမီး ၁ဦး သေဆုံးပြီး ၅ဦး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
2019-04-15
တရုတ်ပြည်ဘေဂျင်းမှာ ဒီလကုန်ပိုင်းကျင်းပမယ့် ဒုတိယအကြိမ် စြင်္ကန်နဲ့ ပတ်လမ်းဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်သလို၊ မြန်မာ တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဇုန်ကို ၂၀၂၀ အမှီ ထူထောင်မှာဖြစ်ပြီး၊ ဒီစီမံကိန်း အတွက် လုပ်ငန်းစဉ်ကြီး ၁၂ ရပ် ချမှတ် လုပ်ဆောင်မယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကလည်း ပြောပါတယ်။
2019-04-15
ခမ်းနားထည်ဝါတဲ့ အိမ်ကြီး တိုက်ကြီးနဲ့ နေထိုင်ရတာမဟုတ်ပေမဲ့ အိမ်ဟာ လူတယောက်ဘဝအတွက် အရေးကြီးပြီး အိမ်နားက လုပ်ကိုင်စားသောက်နိုင်တဲ့ မြေဟာ ဘဝအတွက် အာမခံချက် ဖြစ်ပါတယ်။
2019-04-14
သံချပ်စာသားတွေကို ဆင်ဆာမတင်ဘဲ လှည့်လည်ဖျော်ဖြေနေတဲ့ "အိုးဝေသံ" သံချပ်အဖွဲ့ဟာ ဒီနေ့ သြင်္ကန်အကျနေ့မှာ မြောက်ဒဂုံမြို့နယ် တော်ဝင်အိမ်ယာမှာ ဖျော်ဖြေပါတယ်။ သံချပ်အဖွဲ့တွေကို တားဆီးပိတ်ပင်တာဟာ အစိုးရအပါအဝင် ပြည်ထဲရေးရဲ့ လုပ်ပုံလုပ်နည်း အမှားတွေကြောင့် ဖြစ်တယ်လို့ အိုးဝေသံ သံချပ်အဖွဲ့ ခေါင်းဆောင် ကိုမင်းသွေးသစ် က ပြောလိုက်ပါတယ်။
2019-04-14
မန္တလေးမြို့မှာ ကျင်းပတဲ့ တောသြင်္ကန်အကြောင်း RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာကို မသက်စုအောင်က တင်ပြထားပါတယ်။
2019-04-14
ဆယ်စုနှစ်တစ်ခုကျော်အကြာ ရေကစားမဏ္ဍပ်တွေ ခွင့်မပြုခဲ့တဲ့ ရန်ကုန်မြို့ အင်းလျားလမ်းကို ၂၀၁၉ ခုနှစ် ဒီနှစ်မှာတော့ တိုင်းရင်းသား ရိုးရာလမ်းလျှောက်သြင်္ကန်နဲ့ ပြန်လည်ခွင့်ပြုလိုက်ပါတယ်။ RFA သတင်းထောက် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။
2019-04-14
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ လိုင်ကျေးရွာအနီးမှာ မနေ့က တောမီးလောင်တဲ့အတွက် ရွာထဲကို တောမီးမကူးစက်အောင် ဝိုင်းငြှိမ်းရင်း ရွာသားသုံးယောက် သေဆုံးခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလွှေ က RFA ကို ပြောပါတယ်။
2019-04-14
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမှာ ရက္ခိတပြက္ခဒိန် ရောင်းချတဲ့ ရခိုင်အမျိုးသား ၁ ဦး အပါအဝင် ၄ ယောက်ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ငပုတောရဲစခန်းက ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။