သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-20
ကမ္ဘာတဝှမ်း သတင်းမီဒီယာ လွတ်လပ်ခွင့် ပိုမိုရရှိဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် က တောင်းဆို ခဲ့ရာမှာ မြန်မာနိုင်ငံက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးရဲ့အမှုကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
2018-06-20
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စုနဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်တို့မှာ တပ်မတော်ကသိမ်းယူခဲ့တဲ့ လယ်ယာဥယျာဉ်ခြံမြေတွေကို မူလပိုင်ရှင်တွေဆီ ပြန်လည်လွှဲပေးဖို့ အစီအစဉ်မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဒီနေ့ပြောလိုက်ပါတယ်။
2018-06-20
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ဘာလုခါလီ-၂ ဒုက္ခသည်စခန်းမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ၊ နိုင်ငံခြားဧည့်သည်တွေလာတိုင်း ကူညီလေ့ရှိပြီး အာဆာအကြမ်းဖက်အဖွဲ့ကို ဝေဖန်ပြောကြားလေ့ရှိတဲ့ အာရီဖူလာ ဆိုသူ ရိုဟင်ဂျာခေါင်းဆောင်တဦးဟာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံရဲအရာရှိတွေက မနေ့ကပြောပါတယ်။
2018-06-20
မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ကွင်းဆက်တရားခံ တစ်ချို့ကို ဖမ်းမိထားသလို ထွက်ပြေးတိမ်းရှောင်နေသူတွေ ဖမ်းမိနိုင်ရေးအတွက် ကူညီပေးဖို့ဆိုပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
2018-06-20
ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ဘာသာရေးနဲ့ လူမှုရေး အဖွဲ့တွေ ပြည်နယ်အစိုးရကို မတင်ပြဘဲ သွားရောက်မယ်ဆိုရင် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေနဲ့အညီ အရေးယူခံရမယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2018-06-20
ကယားပြည်နယ်၊ လွိုင်ကော်စက်မှုဇုန်က ယာဉ်ရပ်နားစခန်း သိုလှောင်ရုံမှာ ယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိထားတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦး အပါအဝင် ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2018-06-20
၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း မြစ်ကမ်းပါးပြိုကျမှု နဲ့ မြေပြိုကျမှု အကြိမ်ရေ ၅၄၀ ကျော် ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပေါ်ခဲ့ပါတယ်။
2018-06-20
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားရွာ မှန်ပြတောင်ခြေက တန်ဖိုးနည်းအိမ်ယာ ကို ပြောင်းရွှေ့လာတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၉၅ ခု အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ငွေကျပ် သိန်း ၉၀ ကျော် တန်ဖိုးရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဒီကနေ့ ပေးအပ်ခဲ့ပါတယ်။
2018-06-20
တရုတ်နိုင်ငံဘက်က ဘဏ်တွေမှာ အပိတ်ခံထားတဲ့ မူဆယ်က ကုန်သည်တွေရဲ့ ဘဏ်စာရင်း အကောင့်တချို့ကို ပြန်ဖွင့်ပေးဖို့ တရုတ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေထံ တောင်းဆိုထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒီနေ့ ပြောပါတယ်။
2018-06-20
လွှတ်တော် ရပ်နားချိန်ကာလအတွင်း ပြည်သူတွေအသံ နားထောင်ဖို့နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေ ဆောင်ရွက်တဲ့အခါ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဘောင် မကျော်စေဘဲ ဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ပြောကြားခဲ့ပါတယ်။
2018-06-20
ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင်တို့ ရင်ဆိုင်နေရတဲ့ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှု စတဲ့ အမှု သုံးခု စလုံးကို စစ်တွေခရိုင် တရားရုံးမှာ တစ်ပေါင်းတည်း စစ်ဆေးဖို့ တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-06-20
ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး ပြည်နယ် အဆင့် အစိုးရအဖွဲ့ဝန်ကြီးဌာနတွေ ကို ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ ဖိတ်ကြားတဲ့ အခမ်းအနားတွေကို တက်ရောက်ခြင်းမပြုဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက် ထုတ်ပြန်ပြီး တားမြစ်လိုက်ပါတယ်။
2018-06-20
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်ဖို့ အမိန့်ချမှတ်ထားတဲ့အပေါ် ရန်ကုန်တိုင်း တရားလွှတ်တော်ကို လျှောက်လဲချက် တင်ထားတာကို မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။
2018-06-20
လယ်ယာမြေနဲ့ အခြားမြေများ သိမ်ဆည်းခံရမှုတွေကို စိစစ်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လမ်းညွှန်ချက် ၄ချက် ချမှတ်ပေးလိုက်ပါတယ်။
2018-06-19
အခုအခါ အချိန်စက္ကန့် နှစ်စက္ကန့်တိုင်း ကမ္ဘာပေါ်က လူတစ်ဦးကျ အိုးအိမ်စွန့်ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က ထုတ်ပြန်ပါတယ်။