သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-16
ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ အာစီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့တစ်ဖွဲ့ကို မောင်တောဒေသကို မကြာခင်စေလွှတ်မယ်လို့ သိရပါတယ်။
2018-11-16
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လက်လုပ်မိုင်းတွေ ပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ စွဲချက်တင်ခံထားရတဲ့ ဦးမောင်အေးဝင်းကို စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်အနှစ် ၃ဝ ချမှတ်လိုက်ပါတယ်။
2018-11-16
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သက်ကယ်ပြင်ကျေးရွား နာဇီဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ မွတ်စလင်ဒုက္ခသည် ၁၀၀ ကျော်ကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ ဒီနေ့ ဖမ်းဆီးမိခဲ့ပါတယ်။
2018-11-16
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်ကြားမှာ တပ်မတော်က သိမ်းယူထားတဲ့ မြေ ၂၅ ဧကကို ပြန်ပေးဖို့ ဒေသခံတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုလိုက်ပါတယ်။
2018-11-16
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ဒေသကို ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ရောက်မှုလျော့နည်းသွားတယ်လို့ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက RFA ကို ဒီနေ့ ပြောဆိုပါတယ်။
2018-11-16
တောင်ကြီးမြို့ မြို့လယ်ခေါင်မှာ ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်က လက်လုပ်မိုင်းလို့ ယူဆရတဲ့ လက်ဆွဲသေတ္တာတစ်လုံး တွေ့ရှိခဲ့တဲ့အတွက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ တပ်မတော်စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေက ဖောက်ခွဲပြီး ရှင်းလင်းဆောင်ရွက်ခဲ့ရပါတယ်။
2018-11-16
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်ပို့ရေးကိစ္စ ရပ်တန့်သွားတာနဲ့ ပတ်သက်ပြီး၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက စိုးရိမ်ကြပေမယ့် မြန်မာနဲ့အတူ ရပ်တည်နေကြတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နေးရှင်းသတင်းက ဖော်ပြပါတယ်။
2018-11-16
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအပေါ် တန်ဖိုးထားပါကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်အောင် အားပေးကူညီသွားမှာဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီခချန်းက ပြောလိုက်ပါတယ်။
2018-11-16
မြန်မာ့လူနေမှုအသိုင်းအဝိုင်းမှာ လက်မထပ်ဘဲ ကိုယ်ဝန်ရှိလာသူတွေကို အများစုက ကဲ့ရဲ့ ရှုတ်ချတတ်ကြပါတယ်။ မိန်းကလေးတွေ လက်မထပ်ဘဲ ကိုယ်ဝန်ရှိလာတဲ့ အဖြစ်မျိုး ကြုံရတဲ့အခါ အန္တရာယ်များလွန်းတဲ့ ဖျက်ချတဲ့နည်းလမ်းကိုပဲ ရွေးချယ်တတ်ကြပါတယ်။
2018-11-16
ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီကနေ့ ပြန်ပို့ဖို့ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက်အစိုးရက အဆင်သင့်ဖြစ်နေခဲ့ပေမဲ့ ဘယ်သူမှပြန်မလာ တဲ့အတွက် ပြန်လည်လက်ခံရေးအစီအစဉ် ပျက်သွားခဲ့ပါတယ်။
2018-11-16
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ သက်ကယ်ပြင်ကျေးရွာ နာဇီဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံကို ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ မွတ်စလင်ဒုက္ခသည် တစ်ရာကျော်ကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ ဒီနေ့ ဖမ်းဆီးမိခဲ့ပါတယ်။
2018-11-16
မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်စားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2018-11-15
ဒီတပတ်အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စတဲ့ဒေသတွေက RFA ပရိသတ်တွေရဲ့ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာပါ။
2018-11-15
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံရေး နှစ်နိုင်ငံပူးတွဲအစီအစဉ်အရ ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မြန်မာဘက်က စောင့်ဆိုင်းခဲ့ကြပေမယ့် ပြန်မလာကြတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စစ်တွေမြို့မှာ သတင်းထောက်တွေကို ရှင်းလင်းခဲ့ပါတယ်။
2018-11-15
မြန်မာနိုင်ငံကိုပြန်ဖို့ လူစာရင်းပေးပို့ထားသူတွေ နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။