သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-22
အမ်းမြို့နယ်က တိုက်ပွဲတွေအတွင်း AA နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပါတယ်။
2024-10-22
မြေရှားသတ္တု အများဆုံးထွက်တဲ့ မြန်မာ-တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပြီးနောက် KIO/KIA ထိန်းချုပ်နယ်မြေက နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်လိုက်ပါတယ်။
2024-10-22
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄) နဲ့နေအိမ်ကို လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၂၉၀ နဲ့ ဈေးလျှော့ပြီး လေလံတင်ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြခဲ့ပါတယ်။
2024-10-22
KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာချုပ်နားကို စစ်ကောင်စီတပ်နဲ့ BGF ကရင်နယ်ခြားစောင့်တပ် ပူးပေါင်းစစ်ကြောင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ KNLA ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2024-10-22
အမ်းမြို့နယ် လောင်းစပ်ရွာကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-10-22
မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ကလေး တစ်ဦးနဲ့ မိခင်တို့ သေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရသွားပါတယ်။
2024-10-22
ကချင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ အောက်တိုဘာ ၂၁ ရက် မနေ့က သုံးလပြည့်ခဲ့ပြီး ဒီနေ့အထိလည်း လိုင်းတွေ ပြန်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2024-10-22
အခုနောက်ပိုင်း ဒေသတချို့မှာ လူမှုကူညီရေးအသင်းသားတွေ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးထောင်ချခံရတာ များလာတာကြောင့် ကူညီရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေရသလို လုံခြုံမှုကင်းမဲ့နေပြီး စိုးရိမ်နေကြပါတယ်။
2024-10-22
လားရှိုးမြို့နဲ့ နမ့်ဆန်မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး တစ်ဦး အပါအဝင် ငါးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
2024-10-22
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကံရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြောပါတယ်။
2024-10-22
ပုလောမြို့နယ် ကျောက္ကာရွာနီး ပင်လယ်ပြင်က စက်လှေနစ်မြုပ်မှုမှာ ရုပ်အလောင်း ၁၄ လောင်းကို ရှာတွေ့ထားပြီး နောက်ထပ် ၁၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
2024-10-22
တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့ကို လုံခြုံရေးယူပေးနေတဲ့ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်းကို KIA နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို အတည်ပြုပါတယ်။
2024-10-21
စစ်တပ်အာဏာသိမ်းပြီးနောက် ဖိနှိပ်ခံနေရတဲ့ မြန်မာနိုင်ငံက သတင်းသမားတွေကို အကူအညီပေးမဲ့ အစီအစဉ်တစ်ခုကို ထိုင်းနိုင်ငံမှာ စတင်နေပြီဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က အောက်တိုဘာလ ၂၁ ရက်နေ့က ဖော်ပြပါတယ်။
2024-10-21
ပဲခူးတိုင်း၊ ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသူ တစ်ရာကျော်ဟာ အရေပြားရောဂါ ကူးစက်ခံနေရပြီး ဆေးကုသခွင့်လည်းမရဘူးလို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ရဲ့ တာဝန်ခံ မဇူးဇူးမေယွန်းက RFA ကို အောက်တိုဘာလ ၂၂ ရက်နေ့က ပြောပါတယ်။
2024-10-21
ရန်ကုန်တိုင်းမှာ အောက်တိုဘာလ ၂၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မှော်ဘီမြို့နယ်မှာဆိုရင် နှစ်ပေါင်း ၅၁ နှစ်အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။