သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-14
လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြန်ရုပ်သိမ်းပေးဖို့ ဆန္ဒပြသူတွေကို ရာဘာကျည်နဲ့ ပစ်ခတ် လူစုခွဲခဲ့တာဟာ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းခဲ့တာဖြစ်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက RFA ကို ပြောလိုက်ပါတယ်။
2019-02-14
ဥရောပသမဂ္ဂ EU က နှစ်စဉ်ချီးမြှင်တဲ့ EU's 2019 Schuman Awards ဆုတွေကို ကျားမရေးရာနှင့် ငြိမ်းချမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ၊ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်သူ ဦးအောင်ကျော်မိုးနှင့် လူ့အခွင့်အရေးကို ကာကွယ်ပြောဆိုနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်တို့ကို ဒီနှစ်အတွက် ချီးမြှင့်လိုက်ပါတယ်။
2019-02-14
သြင်္ကန်အလုပ်ပိတ်ရက်ကာလမှာ ထိုင်းနိုင်ငံကနေ ပြန်လာကြမယ့် မြန်မာအလုပ်သမားတွေအနေနဲ့ ကိုယ်နဲ့မသက်ဆိုင်တဲ့ လူကြုံပေးလိုက်တဲ့ပစ္စည်းတွေကို မသယ်ကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
2019-02-14
လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လက်ခံရရှိထားပြီလို့ ကော်မတီဥက္ကဌ ဦးဇော်မင်း က ပြောပါတယ်။
2019-02-14
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူတာကို ကန့်ကွက်တဲ့ ကရင်နီဒေသခံတွေကို ရာဘာကျည်သုံးပြီး ဖြိုခွင်းခဲ့တာဟာ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းခဲ့တာဖြစ်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ပြောလိုက်ပါတယ်။
2019-02-14
ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆိုသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်း ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆန္ဒပြတာကို ဦးဆောင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၉ ယောက်ကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ ကျောက်တံတားမြို့နယ်ရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။
2019-02-14
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းနဲ့ ကျိုင်းတုံကားလမ်းမှာ တပ်မတော်တပ်ရင်းမှူး ၂ ဦး လိုက်ပါလာတဲ့ကားပေါ်က စစ်သုံးပစ္စည်းတွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က သိမ်းယူသွားတာတွေကို တပ်မတော်ကို ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
2019-02-14
ရခိုင်ပြည်နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး စားပွဲဝိုင်းမှာဆွေးနွေးဖို့ ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2019-02-14
မန္တလေးမြို့၊ အမရပူရမြို့နယ်က ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲထားတာကို အမရပူရမြို့နယ် တရားရုံးက ဒီနေ့မှာ အာမခံပေးလိုက်ပါတယ်။
2019-02-14
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖယ်ရှားပေးဖို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆန္ဒပြတောင်းဆိုတဲ့ ကရင်နီဒေသခံ ငါးထောင်ကျော်ကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲတဲ့အတွက် ဆန္ဒပြသူ ၂၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။
2019-02-14
ဒီနှစ်လတာကာလအတွင်း ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်း နယ်မြေထဲမှာ မြေစာပုံ ပြိုကျမှုနဲ့ ကျောက်တောင်ကမ်းပါး ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၀ ဦး အထိ သေဆုံးမှုရှိလာပြီလို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။
2019-02-13
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်က ပြည်သူတွေဟာ တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် အပါအဝင် ၃ ဦးကို တာဝန်ရာထူးကနေ ဖယ်ရှားပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလိုက်ပါတယ်။
2019-02-13
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို မြန်မာဘက်က ပြန်လက်ခံမယ့်ကိစ္စမှာ အာဆီယံအဖွဲ့က ကူညီဖို့ အဆင်သင့်ရှိပေမယ့် ဒုက္ခသည်တွေ ပြန်လာဖို့ရက်ကိုတော့ အာဆီယံအနေနဲ့ အတိအကျ သတ်မှတ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောလိုက်ပါတယ်။
2019-02-13
တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေပြဌာန်းချက် တခုတည်းသာ ပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ထားတယ်လို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး က ပြောပါတယ်။
2019-02-13
တရားစွဲဆိုခံထားရတဲ့ မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းသား ၇ ယောက်ကို အမရပူရမြို့နယ်တရားရုံးက ဒီနေ့ အလုပ်နဲ့ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပါတယ်။