သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-14
တပ်ကြပ် အောင်နိုင်ဟာ တပ်မတော်မှာ ၂၇ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ခမရ - ၂၀၂ က ဗိုလ်ကြီးအဆင့်ရှိသူကို သေနတ်နဲ့ သုံးချက်တိတိပစ်ခတ်ပြီး ရက္ခိုင့်တပ်တော်(AA)ထံ လာရောက်ပူးပေါင်းခဲ့တာလို့ အေအေက ထုတ်ပြန်တဲ့ဗီဒီယိုဖိုင်ထဲမှာ တပ်ကြပ် အောင်နိုင်ဆိုသူက ပြောဆိုထားပါတယ်။
2019-10-14
တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ဖို့အတွက် စက်တင်ဘာလ ၂၅ ရက်နေ့က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့(UNESCO) ထံ အဆိုပြုစာတွဲမူကြမ်းတင်သွင်းထားပြီး ဖြစ်ပါတယ်။
2019-10-14
ဘာသာရေးပဋိပက္ခတွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းခံထားရတဲ့ ဗလီ ၆၄ လုံးကို အမြန်ဆုံးပြန်ဖွင့်ခွင့်ပေးဖို့ နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ သက်ဆိုင်ရာဌာနတွေ ကို အောက်တိုဘာလ ၁၀ ရက်နေ့တုန်းက စာရေးသားပေးပို့တောင်းဆိုထားပါတယ်။
2019-10-14
မနေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ လွယ်ပျက်ရွာအနီး မြေမြှုပ်မိုင်းပေါက်ကွဲမှု တစ်ခုအတွင်း သံဃာတော် သုံးပါး ဒဏ်ရာရသွားပါတယ်။
2019-10-14
၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စတင်စဉ်းစားနေပြီဖြစ်ပါတယ်။
2019-10-14
ကရင်ပြည်နယ် ဘားအံမြို့နယ် ဘင်ဂျီကျေးရွာ နယ်နိမိတ်အတွင်းမှာ အစိုးရက သိမ်းထားတဲ့မြေတွေထဲက မြေဧက ၁၅၀ ကို ပြန်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။
2019-10-13
ရှမ်းပြည်မြောက်ပိုင်း သိန္နီနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ တပ်မတော်နဲ့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တို့ တိုက်ခိုက်ကြရာမှာ လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၁၂ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
2019-10-13
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ယခင်အုပ်ချုပ်ရေးမှုး လုပ်ကြံခံရမှုအတွက် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံရသူရဲ့ မိသားစုနဲ့ ရှေ့နေက စစ်တွေခရိုင်တရားရုံးရဲ့ စီရင်ချက်ဟာ မှန်ကန်မျှတမှု မရှိဘူးလို့ ပြောလိုက်ပါတယ်။
2019-10-13
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာကို မနေ့က ရောက်လာတဲ့ တပ်မတော်စစ်ကြောင်းက လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဆိုတဲ့ ဒေသခံ အမျိုးသမီး ရှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက် ထွက်ပြေး လွတ်မြောက်လာတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
2019-10-13
မန္တလေးတိုင်း ဇီးပင်ကြီးသင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါလာတဲ့ ခရီးသည်တင်ကားကို AA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် သူတို့လွတ်မြောက်ရေး အတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
2019-10-13
နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီ ရယူချင်တယ်ဆိုရင် အစိုးရကို ခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ ကန့်သတ်ချက်ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ယုံကြည်မှုတည်ဆောက်ရေးကို အဟန့်အတား ဖြစ်စေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။
2019-10-12
အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံတကာ အကူအညီ ယူမယ်ဆိုရင်ခွင့်ပြုချက် တောင်းရမယ်ဆိုတဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်ရဲ့ ကန့်သတ်ချက်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေအကြောင်း တင်ပြထားပါတယ်။
2019-10-12
၂ဝ၁၉ အောက်တိုဘာ ၁၂ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " မှားယွင်းဖမ်းဆီးမှုတွေနဲ့ လူ့ဂုဏ်သိက္ခာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-10-12
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆရာ၊ ဆရာမများနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ပြောဆိုခဲ့တဲ့ ပဲခူးတိုင်းဒေ သကြီး ဝန်ကြီးချုပ်ကို ပြင်းထန်စွာ ကန့်ကွက်လိုက်ပြီး အစိုးရက အမြန်ဆုံးအရေးယူပေးဖို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီက မနေ့က တောင်းဆိုလိုက်ပါတယ်။
2019-10-12
ကရင်ပြည်နယ် ဘားအံမြို့ ဘားကပ်၊ ရသေ့ပျံ၊ ကော့ရင်း၊ ပန်းကုန်း စတဲ့ကျေးရွာအုပ်စုတွေထဲက ကျေးရွာအတော်တော်များများက ဒေသခံတွေ သောက်သုံးနေတဲ့ ချောင်းနဲ့ ရေကန်ထဲက ရေတွေရဲ့အရောင်ဟာ ဒီရက်ပိုင်းအတွင်း မည်းနက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။